Level 5 Diploma in Computing ဒုတိယနှစ်စာမေးပွဲတွင် ကမ္ဘာ့အမှတ်အများဆုံး ထူးချွန်ဆု (Global High Achiever) ရရှိခဲ့သူ မအိခိုá

Ei-Khaing-Mon.jpg

ဒီအပတ်မှာတော့ တစ်ကမ္ဘာလုံး တစ်ပြိုင်နက်တည်း ကျင်းပတဲ့ level 5 Diploma in Computing ဒုတိယနှစ် စာမေးပွဲမှာ ကမ္ဘာ့ အမှတ်အများဆုံး ထူးချွန်ဆု (Global High Achiever) ရရှိခဲ့သူ မအိခိုင်မွန်ရဲ့ Student Life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

အမည်၊ ပညာအရည်အချင်း နဲ့ နေရပ်လိပ်စာပြောပြပေးပါ။

ကျွန်မနာမည်ကတော့ မအိခိုင်မွန် ဖြစ်ပါတယ်။ လက်ရှိ MCC Training Institute(Yangon Campus) မှာ B.Sc (Hons) Business IT ဘွဲ့သင်တန်း နောက်ဆုံးနှစ် တန်းခွဲ(၇)မှာ တက်ရောက် သင်ကြားနေပါတယ်။ နေရပ်လိပ်စာကတော့ မင်္ဂလာတောင်ညွန့်မြို့နယ်ဖြစ်ပါတယ်။

B.Sc(Hons) Business IT ကွန်ပျူတာသိပ္ပံဘွဲ့သင်တန်းကို ဘာကြောင့်တက်ဖြစ်ခဲ့တာလဲ။

ကျွန်မအနေနဲ့ Business နဲ့ IT တွဲဖက်ပြီးလုပ်ကိုင်ရတဲ့ လုပ်ငန်းမျိုးကို စိတ်ဝင်စားတဲ့အတွက်ရယ်၊ Internationally recognized ဖြစ်တဲ့ ဘွဲ့ကိုရရှိလိုတာကြောင့် ဒီ B.Sc(Hons)Business IT သင်တန်းကို တက်ရောက်ဖြစ်ခြင်းဖြစ်ပါတယ်။

ဒီသင်တန်းတက်ဖို့ ဘာကြောင့် MCC ကိုရွေးချယ်ခဲ့တာလဲ။

MCC Training Institute မှာတက်ရောက်ဖို့ ရွေးချယ်ဖြစ်တာကတော့ Academic ဆိုင်ရာဘာသာရပ်တွေကို သင်ကြားပေးရုံမကဘဲ အိုင်တီသမားတွေအတွက် အရေးကြီးတဲ့ On The Job Training အစီအစဉ်တွေ ပါဝင်တာရယ်၊ ပညာသင်ကြားရာမှာ အဓိကအထောက်အကူဖြစ်စေတဲ့ English ဘာသာရပ်ကို တွဲဖက် သင်ကြားပေးတာရယ်၊ ဒုတိယနှစ်နဲ့ တတိယနှစ်တွေရောက်ရင် Part Time အနေနဲ့ အလုပ်လုပ်ခွင့် ရတာတွေကြောင့် MCC မှာပဲ တက်ရောက်ဖို့ ရွေးချယ်ခဲ့တာပါ။

Level 5 Diploma in Computing ဒုတိယနှစ် စာမေးပွဲမှာ ကမ္ဘာ့အမှတ်အများဆုံးထူးချွန်ဆု (Global High Achiever) ရရှိခဲ့တယ်လို့သိရတယ်။ ဒီလိုရအောင် ဘယ်လိုကြိုးစားခဲ့ရသလဲ။ ဆုရရှိခဲ့တဲ့အတွက်ကော ဘယ်လိုခံစားရသလဲ။

အခုလို ကမ္ဘာ့အဆင့် ထူးချွန်ဆုရရှိခဲ့တဲ့ အတွက် အလွန်အမင်း ဝမ်းသာမိပါတယ်။ အောင်မြင်မှုအတွက် အရေးကြီးတဲ့ အချက်တွေကတော့ ကျောင်းမှန်မှန်တက်ပြီး ဆရာ၊ ဆရာမတွေ သင်ကြားပေးလိုက်တာတွေကို ပြန်လည်ပြီး လေ့လာမှတ်သားပါတယ်။ လက်တွေ့သင်ခန်းစာတွေကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ခြင်း၊ မေး ခွန်းဟောင်းများကို အပြန်ပြန်အလှန်လှန် လေ့လာခြင်း၊ စာမေးပွဲအနီးကပ်အချိန်တွေမှာ မပျက်မကွက်တက်ရောက်ခြင်းနဲ့ မေးခွန်းများကို နားလည်အောင် သေချာ ဂရုစိုက် ဖြေဆိုခြင်းတွေ လုပ်ခဲ့တဲ့ အတွက် ဖြစ် ပါတယ်။ အခုလိုဆုရတဲ့အတွက် ကျွန်မအတွက်ရော၊ မိဘတွေအတွက်ရော၊ သင်ကြားပေးလိုက်တဲ့ ဆရာ၊ ဆရာမများအတွက်ရော အထူးဂုဏ်ယူ ကျေးဇူးတင်မိပါတယ်။

B.Sc(Hons) Business IT  ကွန်ပျူတာသိပ္ပံဘွဲ့သင်တန်းနဲ့ ပတ်သက်တဲ့ သင်ကြားမှုပုံစံကိုလည်း ပြောပြပေးပါဦး။

နိုင်ငံတကာအဆင့် စာသင်ကြားလေ့လာမှု စနစ်ဖြစ်တာကြောင့် ဘာသာစကား အခက်အခဲ၊ နည်းပညာဆိုင်ရာ အခက်အခဲတွေရှိပေမယ့်လည်း အတွေ့အကြုံရင့်ကျက်တဲ့ MCC.i က ဘာသာရပ်ပြ ဆရာ၊  ဆရာမတွေရဲ့ သင်ကြားပေးမှုကြောင့် စာမေးပွဲကိုရော Assignment တွေကိုရော ကောင်းကောင်းမွန်မွန် ဖြေဆို တင်သွင်းနိုင်ခဲ့ပါတယ်။ ပြီးတော့ MCC.i အနေနဲ့ ကျောင်းသားဗဟိုပြု သင်ကြားမှုစနစ် Student Center Learning System ကိုအခြေခံပြီး တစ်ဦးချင်းစီ တွေးခေါ်စဉ်းစားနိုင်မှုနဲ့ အထွေထွေ စွမ်းရည်တွေကိုပါ ပူးတွဲလေ့ကျင့်ပေးပြီး စာမေးပွဲအောင်ဖို့အတွက် သာမကဘဲ လက်တွေ့လုပ်ငန်းခွင်တွေ ဝင်ရောက်တဲ့ အချိန်တွေမှာပါ မိမိကိုယ်မိမိ ယုံကြည်ချက် ခိုင်မာစွာနဲ့ ကျွမ်းကျင်မှုအရည်အချင်း ပြည်ဝမှုတွေနဲ့ စိတ်ချလက်ချဝင် ရောက်နိုင်မှာဖြစ်ပါတယ်။ MCC.i မှာ တစ်ပါတည်းဖွင့်လှစ်ထားတဲ့ Pearson VUE Authorized Testing Center မှာ Online စနစ်နဲ့ ကျွမ်းကျင်မှု စာမေးပွဲတွေကိုပါ တစ်ခါတည်း ဖြေဆိုခွင့်ရတဲ့ အတွက် ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ အတော်ပဲ အကျိုးရှိပါတယ်။

B.Sc(Hons) Business IT ကွန်ပျူတာသိပ္ပံဘွဲ့သင်တန်းနဲ့ ပတ်သက်ပြီး လေ့လာချင်တဲ့ ကျောင်းသားတွေ အတွက် အကြံပြုစကားပြောပေးပါဦး။

ဒါကတော့ သေချာကိုယ် လျှောက်မယ့်လမ်းကို ရွေးချယ်စေချင်ပါတယ်။ Business နဲ့ IT ဘက်ကို စိတ်ဝင်စားပြီး career အတွက်ဆိုရင်တော့ ဒီ course က သင့်တော်ပြီး အကျိုးရှိတဲ့ course  တစ်ခုပါ။ လက်ရှိ ပြောင်းလဲလာပြီ ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးပုံစံအသစ်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေလည်း တဖြည်းဖြည်း များပြားစွာ ဝင်ရောက်လာမှာဖြစ်လို့ နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့၊ ဒီဂရီလက်မှတ်တွေနဲ့ ကျွမ်း ကျင်မှုလက်မှတ်တွေရှိထားဖို့၊ ပြီးတော့ အိုင်တီသမားတွေ၊ လူငယ်တွေအတွက် အလုပ်အတွေ့အကြုံဆိုတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အလမ်းတွေအတွက် MCC.i မှာတက်ရောက်ပြီး သင်ယူလေ့လာကြဖို့ အကြံပြု ပြောကြားလိုပါတယ်။

ဒီသင်တန်းပြီးမြောက်တဲ့အ ခါ ဘယ်လို ဘာသာရပ်တွေကို ဆက်ပြီးလေ့လာသင့်သလဲ။

ကိုယ်က ဒီသင်တန်းကို တက်ရောက်နေတဲ့ အချိန်မှာ business ဘက်ကို ပိုစိတ်ဝင်စားခဲ့ရင် business နဲ့ ပတ်သက်တဲ့ သင်တန်းတွေကို ဆက်ပြီးလေ့လာနိုင်ပါတယ်။ IT ဘက်ကိုပိုပြီး စိတ်ဝင်စားခဲ့ရင်တော့ IT နဲ့ ပတ်သက်တဲ့ သင်တန်းတွေကို ဆက်ပြီးလေ့လာလို့ရပါတယ်။ ဒါမှမဟုတ် ဒီသင်တန်းပြီးသွားရင်လည်း Post Graduate နဲ့ Ph.D တွေအထိ ဆက်ပြီး လေ့လာလို့ရပါတယ်။ တကယ်လို့ B.Sc(Hons) Business IT ဘွဲ့ သင်တန်းပြီးလို့ မြန်မာနိုင်ငံမှာပဲ အဆင့်မြင့်ပညာတွေ ဆက်လက် လေ့လာ သင်ယူချင်တယ် ဆိုရင် ဒီ MCC.i မှာပဲ Post Graduate Diploma in Strategic Business IT Course ကို တစ်နှစ်ဆက်လက် တက်ရောက်ပြီး London Metropolitan Univeristy ကပေးအပ်မယ့် M.Sc Information Technology မဟာဘွဲ့သင်တန်းကို Online Learing အနေနဲ့ ဆက်လက်တက် ရောက်နိုင်မှာ ဖြစ်ပါတယ်။