Life is Strange နှင့်အတူ နာမည်ကြီးဂိမ်းများ၏ Episode သစ်များထွက်ရှိ

Life-is-strange-.jpg

Episodic ပုံစံဖြင့် ဇာတ်လမ်းအပိုင်းများ ခွဲ၍ ဖြန့်ချိထားသော ဂိမ်းများခေတ်စားနေချိန်တွင် Adventure ဂိမ်းသစ်များဖြစ်သော Life is Strange နှင့် Game of Thrones တို့၏ အပိုင်းသစ်များနှင့်အတူ Action Horror ဂိမ်းဖြစ်သော Resident Evil Revelations 2 ၏ အပိုင်းသစ်များ ထွက်ရှိလာကြောင်း သိရသည်။ Life is Strange Episode 2 တွင် ကစားသူအနေဖြင့် အချိန်ကို နောက်ပြန်ဆွဲကာ အတိတ်မှ အဖြစ်အပျက် များကို ပြု ပြင်ပြောင်းလဲနိုင်သော ကောင်မလေး Max နေရာမှ ဝင်ရောက်ကစားနိုင်မည် ဖြစ်သည်။

Game of Thrones ၏ Episode 3၊ RE – Revelations 2 ၏ ဇာတ်သိမ်းအပိုင်း Episode 4 တို့လည်း ဆက်လက်ထွက်ရှိလာပြီး PC, PS3 နှင့် Xbox 360 ဂိမ်းစက်များတွင် ကစားနိုင်မည်ဖြစ်ကြောင်း သိရ
သည်။ GAME HIVE ဖုန်း ၀၉၇၃၁၁၈၅၅၀ နှင့် ၀၉၄၅၀၀၄၁၅၀၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။