LG အမှတ်တံဆိပ် AKA စမတ်ဖုန်း မိတ်ဆက်ပွဲပြုလုပ်

LG-1.jpg
LG-2.jpg
LG-3.jpg

ထူးခြားသော ပင်ကိုစရိုက်များပါဝင်သည့် စမတ်ဖုန်းဖြစ်သော LG အမှတ်တံဆိပ် AKA စမတ်ဖုန်းအမျိုးအစားသစ်၏ မိတ်ဆက်ပွဲခမ်းအနားကို ဧပြီ ၃ ရက်၊ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စမတ်ဖုန်း၌ မတူညီသည့် အမျိုးအစားလေးမျိုးရှိပြီး Eggy (အဝါရောင်)၊ Wooky (အဖြုရောင်)၊ Soul (နက်ပြာရောင်)၊ Yoyo (ပန်းရောင်) ဟူ၍ အရောင်လေးမျိုး ရရှိမည်ဖြစ်ကြောင်း သိရသည်။ စမတ်ဖုန်းအားလုံး၏ Processor ကို Quad Core အမျိုးအစား အသုံးပြုထားပြီး မျက်နှာပြင်အကျယ် ၅ လက်မ ရှိမည်ဖြစ်သည်။ ကင်မရာစွမ်းဆောင်ရည်မှာ 8 MP ရှိမည်ဖြစ်ပြီး ဘက်ထရီကို 2160 mAh အသုံးပြုထားကြောင်း သိရသည်။ အဆိုပါ စမတ်ဖုန်း အမျိုးအစားအားလုံးကို ဧပြီ ၉ ရက်မှစတင်၍ LG စမတ်ဖုန်း အရောင်းဆိုင်တိုင်းတွင် တန်ဖိုး ၃၅၉,၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။