Amiibo နှင့် NFC ကတ်များကို Nintendo အသေးစိတ် ရှင်းလင်းခဲ့

2719439-villager.jpg

Nintendo သည် မာရီယို၊ ပစ်ခ်ျနှင့် ဇဲလ်ဒါဂိမ်းဇာတ်ကောင်များအထိ NFC အသုံးပြုထားသော Amiibo အရုပ်ကို  တိုးချဲ့ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Nintendo အနေဖြင့် Amiibo အရုပ်များဖြင့် ဆော့ကစားနိုင်သော ဂိမ်းများကို ဖန်တီးသွားမည့်အပြင် ဂိမ်းစက်များအတွင်း NFC function များစွာ အသုံးပြုသွားရန် ရည်မှန်းထားကြောင်း ကုမ္ပဏီ ဥက္ကဌ ဆာတိုရူအီဝါတာက လေ့လာဆန်းစစ်သူများနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ကုမ္ပဏီအနေဖြင့် လာမည့်နှစ်အတွင်း Amiibo ဖြင့် တွဲဖက်ကစားနိုင်သည့် ဂိမ်းများစွာ ဖန်တီးရန် စီစဉ် ထားကြောင်း၊ Amiibo စနစ်ကို အသုံးပြုရန် အရုပ်ပုံစံအမြဲတမ်းလိုအပ်မည်ဟု မထင်ကြောင်း၊ ၎င်းစနစ်ကို ပုံစံအမျိုးမျိုးဖြင့် ဖန်တီးနိုင်ကြောင်း အီဝါတာက ပြောဆိုခဲ့သည်။

ဆက်လက်ပြီး အီဝါတာက မာရီယိုဇာတ်ကောင်ဖန်တီးသူ ရှီဂျီမီယာမိုတိုသည် Gamepad နှင့် NFC function အသုံးပြုကာ လူများစွာ ချိတ်ဆက်ကစားနိုင်ရန် ဖန်တီးနေကြောင်း ပြောဆိုခဲ့သည်။ Nintendo ၏ Amiibo အရုပ်များအတွက် ရည်မှန်းချက်မှာ gamer များကို အံ့သြမှုများပေးနိုင်စေရန် ဖြစ်ကြောင်း မီယာမိုတိုက ပြောကြားသွားခဲ့သည်။
-စိုးထက်
Ref: GameSpot