Chief Experience Officer (CXO)

Chief experience officer (CXO) ဆိုသည်မှာ အဖွဲ့အစည်းတစ်ခု ပြင်ပရှိ စားသုံးသူများနှင့် အပြုသဘောဆောင်သော အပြန်အလှန်ဆက်သွယ်မှု ပြုလုပ်သည့် အလုပ်အမှုဆောင်တစ်ဦး ဖြစ်သည်။ Chief experience officer ဆိုသည့် ရာထူးသည် လက်လီရောင်းချမှုနှင့် ဖျော်ဖြေမှုလုပ်ငန်းများ၏ Chief Customer Officer ရာထူးနေရာအပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ခရီးသွားလုပ်ငန်း၏ Chief Activity Officer ရာထူး နေရာတွင် တစ်ဖြည်းဖြည်း အစားထိုးခန့်ထားသည့် ရာထူးအမည်ဖြစ်သည်။

Chief experience officer သည် အဖွဲ့အစည်း၏ စားသုံးသူများထံ ပိုမိုကောင်းမွန်သော တန်ဖိုးကို ထောက်ပံ့ပေးနိုင်မည့် အဆိုပြုချက်ကို ရွေးချယ်ထားသည့် ဆက်သွယ်မှု channel များမှတစ်ဆင့် စားသုံးသူ၏ ဘာသာစကား၊ အပြန်အလှန်ဆက်သွယ်မှု တို့ကို အသုံးပြုပြီး ဆက်သွယ်ဆောင်ရွက်သည်။ ကုမ္ပဏီတစ်ခု၏ CXO ကမူ အထက်ပါ ဆက်သွယ်ဆောင်ရွက်မှုများကို စောင့်ကြည့်မည့် အဖွဲ့တစ်ဖွဲ့အား ကြီးကြပ်ကွပ်ကဲပြီး တိုင်ကြားချက်များ၊ အကြံပြုချက်များနှင့် ပတ်သက်၍ ပြည့်စုံလုံလောက်သည့် တုံ့ပြန်မှုများကို ပြုလုပ်ရသည်။ ကော်ပိုရေးရှင်းများတွင် ၎င်းတို့၏ စားသုံးသူများကို social media platform များနှင့် customer-feedback forum ကဲ့သို့သော နေရာများမှတစ်ဆင့် အပြန်အလှန် ဆက်သွယ်လုပ်ဆောင်ရသည်။ CXO သည် ၎င်း channel များတွင် ပူးပေါင်းပါဝင်ပြီး ကုမ္ပဏီနှင့် သုံးစွဲသူအကြား အသုံးတည့်စေမည့် အချက်အလက်များကို တုံ့ပြန်ဖြေကြားသည်။

အထက်ပါအတိုင်း အသုံးတည့်စေမည့် အချက်အလက်များကို ဖြေကြားရာတွင် CXO သည် သုံးစွဲသူ လိုအပ်သမျှကို တိုက်ရိုက်တုံ့ပြန်ရပြီး အချက်အလက်လေ့လာဆန်းစစ်မှုအဖွဲ့များကို ငှားရမ်းကာ မတူညီသည့် ဆက်သွယ်မှုနှင့် စားသုံးသူ အချက်အလက်များကို မှတ်သားရသည်။ CXO အများစုကမူ စီးပွားရေးလုပ်ငန်းအတွက် အသုံးတည့်စေမည့် ရင်းမြစ်များနှင့် စားသုံးသူ သတင်းအချက်အလက်များကို စောင့်ကြည့်ရန်အတွက် executive dashboard အပေါ် မှီခိုအားထားကြသည်။