iMyanmarHouse.com ကုမ္ပဏီ၏ Moblie App နှင့် Magazine မိတ်ဆက်ပွဲ ကျင်းပ

iMyanmar-1.jpg
iMyanmar-2.jpg
iMyanmar-3.jpg

iMyanmarHouse.com ကုမ္ပဏီမှ Mobile App နှင့် Magazine မိတ်ဆက်ပွဲကို ဧပြီလ ၃ ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ City Star Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ iMyanmarHouse.com မှ Managing Director ဦးနေမင်းသူက အဖွင့်အမှာစကား ပြောကြားရာ၌ ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အနေဖြင့် ၂၀၁၅ ခုနှစ် မေလ ၁ ရက်မှ ၃ ရက်အထိ မြန်မာနိုင်ငံတွင် အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲနှင့် မိမိတို့ ၏ ရှေ့လုပ်ဆောင်ချက်များဖြစ်သော iMyanmarHouse.com မှ Mobile App နှင့် Magazine ကို မိတ်ဆက်ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်။

iMyanmarHouse.com မှ ထွက်ရှိလာသည့် Mobile App နှင့်ပတ်သက်၍ “အရင်တုန်းကတော့ ကျွန်တော်တို့ဆီမှာ ကြော်ငြာတွေကြည့်ဖို့နဲ့ ကြော်ငြာတင်ဖို့အတွက် ဝက်ဘ်ဆိုက်ပေါ်မှာ ဝင်ကြည့်ရတာပေါ့။
အခုကတော့ လွယ်ကူသွားအောင်လို့  Mobile Phone တွေအတွက် Mobile Application ကို ထုတ်လိုက်ပါပြီ။ အဲ့ဒီ App ထဲမှာ အိမ်ခြံမြေ ကြော်ငြာတွေကို ရှာဖွေနိုင်ပြီးတော့ ကြော်ငြာတွေကို ကိုယ်တိုင် တင်လို့ရအောင် ပြုလုပ်ပေးထားပါတယ်။ ကြော်ငြာကိုတင်ပြီးလို့ ရောင်းထွက်သွားရင်လည်း မိမိတင်ထားတဲ့ကြော်ငြာကို အလွယ်တကူ ပြန်ဖျက်လို့လည်း ရပါတယ်” ဟု iMyanmarHouse.com မှ Lead Developer ဖြစ်သူ ဦးအောင်ခန့်ဇော်က ပြောသည်။

ထို့ နောက် iMyanmarHouse.com မှ ထုတ်ဝေထားသည့် အိမ်ခြံမြေ Magazine အကြောင်းကို “ကျွန်တော်တို့ဆီက ထုတ်ဝေထားတဲ့ အိမ်ခြံမြေ Magazine ကို ဧပြီလကနေစပြီး ထုတ်ဝေလိုက်တာပါ။ ဒီအထဲမှာ ဘာတွေပါလဲဆိုတော့ အိမ်ခြံမြေ ဥပဒေအကြောင်းအရာ၊ ဆောင်းပါ၊ သရော်စာ၊ အမေးအဖြေကဏ္ဏ၊ အာရှနှင့် မြန်မာဆက်နွယ်နေတဲ့ အိမ်ခြံမြေ အကြောင်းတွေ ပါပါတယ်။ အခုမှစပြီး ထုတ်ထား တာဖြစ်လို့ Magazine က နဲနဲတော့ပါးနေမှာပါ။ နောက်ပိုင်းကျရင် စာဖတ်သူတွေအတွက် ကဏ္ဍတွေ ထပ်တိုးသွားဦးမှာပါ” ဟု iMyanmarHouse.com Property Magazine မှ တာဝန်ခံအယ်ဒီတာ ဦးသန့်ဝေစိုးက ပြောသည်။

iMyanmarHouse.com ဝက်ဘ်ဆိုက်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၏ နံပါတ် ၁ အကြီးဆုံး အိမ်ခြံမြေ လုပ်ငန်းတစ်ခုဖြစ်သည်။