Microsoft scanning app Office Lens ကို iOS နှင့် Android တွင် အသုံးပြုနိုင်မည်

11129359_10152820480322825_6096669246244758659_n.jpg

ယခင်က Windows Phone တွင်သာ အသုံးပြုနိုင်သည့် Office Lens scanning app ကို Microsoft က iOS နှင့် Android အတွက် ဖြန့်ချိမည်ဟု ပြောကြားခဲ့သည်။

Microsoft သည် iOS အတွက် Office Lens ကို Apple App Store တွင် ဖြန့်ချိခဲ့သော်လည်း Android ဗားရှင်းကိုမူ preview အနေဖြင့်သာ မိတ်ဆက်ခဲ့သည်။

Apple iOS နှင့် Google Android တို့အတွက် ဖြန့်ချိထားသည့် Office Lens သည် Windows Phone ဗားရှင်းကဲ့သို့ပင် အခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။ Office Lens သည် သုံးစွဲသူများအား ငွေလက်ခံဖြတ်ပိုင်းများ၊ လိပ်စာကတ်များ၊ ဝှိုက်ဘုတ်များနှင့် ကပ်ခွာမှတ်စုများကို ဓာတ်ပုံရိုက်ကာ Microsoft ၏ မှတ်စုရေးမှတ်သည့် app ဖြစ်သော OneNote တွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ OneNote သည်လည်း အခမဲ့ app ဖြစ်ပြီး Windows, Windows Phone, iOS, Android နှင့် Web ပေါ်တွင် အသုံးပြုနိုင်သည်။

ထို့အပြင် Microsoft သည် Office Lens မှ ပုံများကို Word နှင့် PowerPoint document များအဖြစ် ပြောင်းလဲ သိမ်းဆည်းနိုင်ရန် ထောက်ပံ့ပေးခဲ့သည်။

Office Lens သည် ဓာတ်ပုံများကို အလိုအလျောက် ဖြတ်ခြင်း၊ ပုံထွက် ပိုကောင်းစေရန် ပြုလုပ်ပေးသည်။ ထို့အပြင် သုံးစွဲသူများက optical character recognition မှတစ်ဆင့် ဓာတ်ပုံများကို key word များဖြင့် ရှာဖွေနိုင်သည်။

Microsoft အနေဖြင့် Office Lens ဗားရှင်းများအားလုံးတွင် feature များ ထပ်မံထည့်သွင်းရန် စီစဉ်ထားကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။

Ref: CNET