Siri

Siri ဆိုသည်မှာ iOS ထုတ်ကုန်များအတွက် ပြုလုပ်ထားသော Apple ၏ voice-recognition ဝန်ဆောင်မှု ဖြစ်သည်။ Siri သည် အသုံးပြုသူ နှုတ်ကမေးလိုက်သော မေးခွန်းများကို Web Search နှင့် Calendar ကဲ့သို့သော app များက သက်ဆိုင်ရာ အချက်အလက်များဖြင့် ပြန်လည်ဖြေကြားပေးသည်။ ထို့အပြင် ၎င်းဝန်ဆောင်မှုသည် အသုံးပြုသူထံ ရောက်ရှိလာသည့် email များနှင့် message များကိုလည်း ဖတ်ကြားပေးသည်။ Siri ၏ voice-recognition အချို့နှင့် တုံ့ပြန်ချက်အချို့သည် iOS ထုတ်ကုန်ပေါ်တွင်သာ လုပ်ဆောင်ကြသော်လည်း အချို့မှာ cloud ပေါ်မှ လုပ်ဆောင်ကြသည်။ ၎င်းသည် အသုံးပြုသူ၏ တောင်းဆိုမှု ခက်ခဲရှုပ်ထွေးမှုအပေါ် မူတည်သည်။

iPhone နှင့် iPad အတွက် voice-recognition personal assistant app ကို ပြုလုပ်ခဲ့သည့် Siri, Inc ဟူသော ကုမ္ပဏီငယ်ကို Apple က ၂၀၁၀ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် iOS ထုတ်ကုန်အချို့၏ native feature အဖြစ် Siri ကို ထည့်သွင်း သုံးစွဲခဲ့သည်။ ၎င်းဝန်ဆောင်မှုကို ၂၀၁၁ ခုနှစ်တွင် iPhone 4S နှင့်အတူ မိတ်ဆက်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ် ဇွန်လတွင် Siri ကို တတိယမျိုးဆက် iPad တွင် iOS 6 နှင့်အတူ ထည့်သွင်းသုံးစွဲမည် ဖြစ်ကြောင်း Apple က ကြေညာခဲ့သည်။