ထိုင်းနိုင်ငံရှိ Webster University တွင် Management with an emphasis in International Business Major ကို သင်ကြားနေသော မသင်းမြတ်နိုး၏ Student Life

Thin-Myat-Noe-(Photo-).jpg

ဒီအပတ်မှာတော့ အမေရိကန်အခြေစိုက် ထိုင်းနိုင်ငံကျောင်းခွဲ Webster University မှာ Management with an emphasisin International Business Major ကို သင်ကြားနေတဲ့ မသင်းမြတ်နိုးရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Webster University Thailand  Campus ကို ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။

Webster University Hua HinCampus (Thailand) ကို သွားရောက်ခဲ့တဲ့ ညီမတို့ကျောင်းက စီနီယာတွေဆီက ကြားသိရတာပါ။ ဒီကျောင်းကို ရွေးချယ်ရတဲ့ အကြောင်း အရင်း ကတော့ ညီမက ဘာသာရပ်တွေ အများကြီးရှိတဲ့ထဲကမှ Management ပိုင်းကို ပိုပြီးစိတ်ဝင်စားတယ်။ Management ပိုင်းကို သင်ယူမယ်လို့ ဆုံးဖြတ်ချက်ချပြီး တက္ကသိုလ်တွေကို လိုက်လေ့လာတယ်။ Myanmar Search International ကနေ တစ်ဆင့် ကျောင်းလျှောက်ဖို့ ရွေးချယ် ဆုံးဖြတ်ခဲ့တယ်။ Webster University ဆိုရင်တော့ MSI က မြန်မာနိုင်ငံမှာပထမဦးဆုံးဖြစ်တဲ့အတွက် MSI ကပဲ လျှောက်ခဲ့တယ်။ အမေရိကန် ဒီဂရီကိုရမယ်။ ပြီးတော့ Campus က ထိုင်းနိုင်ငံမှာ ရှိတာဆိုတော့ သွားရပြန်ရ တာလည်း လွယ်ကူတယ်။ မိဘတွေအတွက်လည်း တော်တော်အဆင်ပြေတယ်။ ဒါကြောင့်လည်း Webster University (Thailand  Campus) ကို ရွေးချယ်လိုက်တာပါ။ Webster University မှာက Business နဲ့ ပတ်သက်တဲ့ Major တွေ စုံစုံလင်လင်ရှိတယ်။

International Business Management ကို ဘာကြောင့် ရွေးချယ်တက်ရောက်ဖြစ်ခဲ့တာလဲ။

Management ပိုင်းကို ညီမငယ်ငယ်လေးကတည်းက စိတ်ဝင်စားတယ်။ ညီမကအဖွဲ့အစည်းနဲ့ အလုပ်လုပ်ရတာကို သဘောကျတယ်။ Managing လုပ်ရတာကို ကြိုက်တယ်။ emphasis in International Business နဲ့ပတ်သက်တဲ့ Management ပူးတွဲ သင်ယူရတဲ့ အကြောင်းအရင်းကတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး စီးပွားရေးကို လုပ်ကိုင်မှာဖြစ်တဲ့ အတွက် မဖြစ်မနေ တွဲယူရမယ့် ဘာသာရပ်တစ်ခုဖြစ်လို့ ရွေးချယ်ခဲ့တာပါ။

တက္ကသိုလ်မတက်ခင် အင်္ဂလိပ်စာအတွက် ကြိုတင်ပြင်ဆင်မှုတွေ ဘယ်လိုလုပ်ခဲ့လဲ။

Self-Study နဲ့ပဲ အဓိက လေ့လာသွားတာပါ။ စာအုပ်တွေ များများဖတ်တယ်။ online researches တွေ လုပ်တယ်။ အားလပ်တဲ့ အချိန်တိုင်းမှာ Essay တွေ ရေးတယ်။ Short stories တွေ ရေးတယ်။ အင်္ဂလိပ်စာကို အမြဲတမ်း လေ့လာတယ်။

ပညာသင်ဆုရခဲ့တယ် လို့သိရတယ်။ ပညာသင်ဆုထောက်ပံ့ကြေး ဘယ်လောက်ရရှိခဲ့သလဲ။

Webster University ကို ဝင်ရောက်ဖို့ ဆုံးဖြတ်ချက်ချပြီးတော့ Webster University ရဲ့ ပညာသင်ဆုအကြောင်းကို MSI က စုံစမ်းခဲ့တယ်။ ကျောင်းတော်တော် များများကတော့ ပညာသင်ဆုပေးတာကိုတော့ ညီမသိပါတယ်။ ညီမဘယ်လောက် ရရမယ်လို့လည်း မမျှော်မှန်းခဲ့ပါဘူး။ ရမယ့် ငွေကြေးပမာဏထက် ပညာသင်ဆုဆိုတဲ့ ထူးချွန်ဂုဏ်ပြုမှုကို လိုချင်ပါတယ်။ ကိုယ့်ရဲ့ ဇွဲလုံ့လပေါ် အသိအမှတ်ပြုမှု ရှိစေချင်လို့ပါ။ WUTC ရဲ့  TOEFL Exam  ကို MSI ရုံးခန်းမှာ ဖြေခဲ့ပါတယ်။ TOEFL နဲ့ IGCSE ရလဒ်တွေကို Myanmar Search International ပေးခဲ့တယ်။ ၅၀ ရာခိုင်နှုန်းပညာသင်ဆု ရရှိခဲ့ပါတယ်။ ဒီပညာသင်ဆုက WUTC က ပေးလေ့ရှိတဲ့ Scholarship amount ထဲက အမြင့်ဆုံးတစ်ခုပါ။

ပညာသင်ဆုအတွက် ဘာတွေလုပ်ဆောင်ခဲ့ရသေးလဲ။

WUTC ကို Exam Result တွေနဲ့ Essay နှစ်ပုဒ်ကို တင်ပြခဲ့ပါတယ်။ Program Quality, Impact, Learning & Communication (PQILC)၊ Unit of Action Aid Myanmar (an NGO) မှာ Volunteer တစ်ဦးအနေနဲ့ သုံးလဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံတွေရှိတယ်။ ဘယ်လိုအရာတွေက ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို သင်ယူခဲ့ရပါတယ်။ အသင်းခေါင်းဆောင်တာဝန် ထမ်းဆောင်နိုင်တာတွေ၊ ပရဟိတလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်တာတွေ၊ team work တွေ စတာတွေမှာ ဝင်ရောက်လုပ်ကိုင်ရင်းနဲ့ Management ပိုင်းနဲ့ဆိုင်တဲ့ အတွေ့အကြုံတွေ MSI ကို တင်ပြခဲ့တယ်။ MSI က ပြင်ပပရဟိတတွေ လုပ်ဖို့ အကြံဉာဏ်ပေးပြီး ချိတ်ဆက်ပေးတယ်။ အဲ့ဒီအထောက်အထားတွေကို ဖြည့်စွက် တင်ပြခဲ့ပါတယ်။

အလုပ်သင်ကာလ ပူးတွဲပါဝင်သလား။ ဘယ်လုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်သလဲ။

ဒီပညာသင်ဆုက ထိုင်းနိုင်ငံ Webster University ကပဲ ပေးတဲ့အတွက် တစ်ပတ်ကို ၁၀ နာရီ Student  Assistant တစ်ယောက် အနေနဲ့ Webster University Thailand Campus မှာ အလုပ်လုပ်ပေးရမယ်။ Academic ကတော့ ကောင်းရမယ်။ ကျောင်းကချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေကိုလည်း လိုက်နာရမယ်။ ကျောင်းနဲ့ ပတ်သက်တဲ့ ကျောင်းတွင်းဆိုင်ရာ၊ ကျောင်းပြင်ပဆိုင်ရာ အလုပ်တွေလုပ်ရမယ်။ ပညာသင်ဆုပေးထားတဲ့အ တွက် လုပ်ငန်းခွင်မှာ ပြန်ပြီးလုပ်ကိုင်ရမယ်ဆိုတဲ့ ချည်နှောင်မှု မရှိဘူး။ ကိုယ်ကြိုက်တဲ့ လုပ်ငန်းခွင်မှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်တယ်။

ထိုင်းနိုင်ငံကနေ ဒီပလိုမာသင်တန်းပြီးဆုံးသွားပြီး နောက်ပိုင်းရရှိမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေကိုပြောပြပေးပါ။

Webster University ရဲ့ အမေရိကန်ဘွဲ့ဒီဂရီကို ရတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ မရှားနိုင်တော့ဘူး။ ညီမလိုချင်တဲ့ အလုပ်မျိုး ရရှိနိုင်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်အ၀ရှိတယ်။ Webster တက္ကသိုလ်က Accreditation ရထားတော့ ခိုင်မာတယ်။

 ပညာသင်ဆုလျှောက်ထား ချင်တဲ့ တခြားကျောင်းသားတွေအတွက် အကြံပြုစကားပြောပေးပါ။

ဟုတ်ကဲ့။ ပညာသင်ဆုလျှောက်ထားတဲ့သူတွေ အားလုံးက အကောင်းဆုံးကို ကြိုးစားရမှာပါ။ ကိုယ်ကျိုးအတွက် သီးသန့် မဟုတ်ဘဲနဲ့ ကျောင်းအတွက်ရော ညီမတို့ကိုယုံ ကြည်ပြီး ပညာသင်ဆု Scholarship ပေးအပ်ခဲ့တဲ့သူတွေအတွက်ပါ အကောင်းဆုံးကြိုးစားရမှာပါ။ ပညာသင်ဆုပေးအပ်ခဲ့တဲ့ ကျောင်းက ဂုဏ်ယူရလောက်အောင် ညီမတို့ရဲ့အရည်အချင်းကို ပြသရမှာပါ။ မြန်မာတွေက တကယ်လုပ်ရင် တကယ်ထူးချွန်ပါတယ်။

အနာဂတ် ဘဝရည်မှန်းချက်ကို ပြောပြပေးပါ။

Bachelor Degree ပြီးဆုံးပြီး နောက်ပိုင်း Master ပိုင်းကို ဆက်တက်မှာပါ။ ပြီးရင်တော့ ညီမသင့်တော်တဲ့ အလုပ်ကို ၀င်မယ်။ တစ်နေ့မှာတော့ အောင်မြင်တဲ့ Entrepreneur တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။