CCTV ကင်မရာ

CCTV-------.jpg

အချိန်နှင့်အမျှ စောင့်ကြည့်ရ၊ စစ်ဆေးရသော နေရာမျိုးစုံနှင့် အိမ်၊ ခြံ၊ ဆိုင်၊ ဂိုဒေါင် စသည့်နေရာများတွင် အသုံးပြုနိုင်သည့် HIK Vision အမှတ်တံဆိပ် CCTV လုံခြုံရေးကင်မရာများကို Asia Best Link တွင် ဝယ်ယူနိုင်ပြီ ဖြစ်သည်။ မော်ဒယ်မှာ 2 CE 55 A2P ဖြစ်ပြီး Indoor/ Outdoor စိတ်ကြိုက် တပ်ဆင်အသုံးပြုနိုင်မည် ဖြစ်သည်။ Infrared မီးလုံးများ တပ်ဆင်ပေးထားသည့်အတွက် နေ့၊ ညမရွေး စစ်ဆေးနိုင်မည်ဖြစ်ပြီး ကြည်လင်ပြတ်သားသော ပုံရိပ်ကို ရရှိစေနိုင်မည်ဟု သိရသည်။ IR Range မှာ ၁၀ မီတာမှ ၂၀ မီတာအထိ ရှိမည် ဖြစ်သည်။ 2.8 mm wide angle မှန်ဘီလူးနှင့်ဖြစ်ပြီး Fixed Focus ဖြင့် ချိန်ညှိပေးထားသည်။ နံရံကပ်အနေဖြင့်သာမက မျက်နှာကြက်တပ်အဖြစ်ပါ အသုံးပြုနိုင်ပြီး ကိုယ်တိုင် အလွယ်တကူ တပ်ဆင်နိုင်မည် ဖြစ်သည်။ DC 12 V ဖြင့် အသုံးပြုရပြီး 4 W သာ ရှိသည့်အတွက် မီးစား သက်သာမည် ဖြစ်သည်။ တန်ဖိုးမှာ ကျပ် ၃၈,ဝဝဝ ဝန်းကျင်ဖြစ်ပြီး ဖုန်း -၃၉၉၁၂၉ နှင့် ၀၉-၅၁၀၉၄၄၂ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။