Bitcoin

Bitcoin ဆိုသည်မှာ မည်သည့် နိုင်ငံတွင်မဆို ဗဟိုဘဏ်နှင့် အစိုးရက ပံ့ပိုးထားခြင်း မရှိသော ဒစ်ဂျစ်တယ် ငွေကြေး တစ်ရပ်ဖြစ်သည်။ ၎င်းကို crypto-currency ဟူ၍လည်း ခေါ်ဆိုသည်။ Bitcoin များကို ငွေပေးချေမှု အနေဖြင့် လက်ခံသည့် ဝန်ဆောင်မှုများ၊ ကုန်ပစ္စည်းများကို အရောင်းအဝယ် ပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။

Bitcoin ကို အသုံးပြုပြီး အချင်းချင်း အရောင်းအဝယ် ပြုလုပ်ရာတွင် peer-to-peer (P2P) ကွန်ရက်ပေါ်မှတစ်ဆင့် hash code များကို encrypt လုပ်ပြီး ပြုလုပ်သည်။ P2P ကွန်ရက်သည် အသုံးပြုသူများထံမှ Bitcoin အရွှေ့အပြောင်းကို စောင့်ကြည့်ပြီး အတည်ပြုပေးသည်။ သုံးစွဲသူ တစ်ဦးချင်းစီ၏ Bitcoin များသည် digital wallet ဟုခေါ်သော program တစ်ခုတွင် သိုလှောင်ထားသည်။ ၎င်း digital wallet သည် ပေးပို့လိုက်သည့် Bitcoin များ၊ လက်ခံလိုက်သည့် Bitcoin များနှင့် ပတ်သက်သော သုံးစွဲသူ၏ လိပ်စာ တစ်ခုချင်းစီကို သိမ်းဆည်းပေးသည်။ ထို့အပြင် သုံးစွဲသူ တစ်ဦးတည်းသာ သိရှိမည့် private key တစ်ခုကိုလည်း ထိန်းသိမ်းပေးသည်။

Bitcoin ကွန်ရက်ကို Bitcoin ၂၁ သန်း ထက် မပိုရန်အတွက် သင်္ချာနည်းအရ တွက်ချက် ပြုလုပ်ထားသည်။ ထို့အပြင် ၎င်း ကွန်ရက်ကို ငွေကြေးဖောင်းပွမှု ကိုင်တွယ်ဖြေရှင်းရန်အတွက် စည်းမျဉ်း စည်းကမ်းများနှင့် ထိန်းချုပ်ထားသည်။ Bitcoin များကို သုံးစွဲသူ၏ wallet ရှိ Bitcoin address မှတစ်ဆင့် ရောင်းချသူ၏ wallet ရှိ Bitcoin address ထံ transfer request တစ်ခု ပြုလုပ်ခြင်းဖြင့် သုံးစွဲရသည်။

Bitcoin များကို အမည်မဖော်ဘဲ တရားမဝင် ငွေထောက်ပံ့ခြင်း ကဲ့သို့သော ကိစ္စရပ်များတွင် အသုံးပြုနိုင်သောကြောင့် အမေရိကန်ပြည်ထောင်စုတွင် Bitcoin သုံးစွဲမှုနှင့် ပတ်သက်၍ အငြင်းပွားလျက် ရှိသည်။