e-Passport ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ရန် တင်ဒါခေါ်

Update-News_5.jpg

e-Passport ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ရန် တင်ဒါခေါ်ယူလိုက်သည်။ မြန်မာနိုင်ငံကူး လက်မှတ်အား MRP (Machine Rea-dable Passport) စနစ်မှ နိုင်ငံတကာတွင် ကျင့်သုံးလျက် ရှိသည့် e-Passport စနစ်သို့ ကူးပြောင်းထုတ်လုပ်ရေးအတွက် တင်ဒါခေါ်ယူလိုက်ခြင်း ဖြစ်သည်။

အဆိုပါလုပ်ငန်းအတွက် နည်းပညာဆိုင်ရာ စက်ပစ္စည်းများ တပ်ဆင်အသုံးပြုခြင်းကို B.O.T စနစ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းအား တင်ဒါခေါ်ယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းမြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များ ဦးဆောင်သည့် နည်းပညာကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

e-Passport လုပ်ငန်း ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီး ဌာနတွင် ဧပြီလ ၆ ရက်မှစ၍ တင်ဒါအဆိုပြုလွှာကို ဝယ်ယူနိုင် မည်ဖြစ်သည်။ ဧပြီလ ၃၀ ရက် နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း၊ နည်းပညာလုပ်ငန်းရှင်များအနေဖြင့် တင်ဒါအဆိုပြုလွှာများနှင့်အတူ ကုမ္ပဏီ မှတ်ပုံတင်၊ ပူးပေါင်းဆောင်ရွက်မည့် ပြည်ပနည်းပညာကုမ္ပဏီများ၏ မှတ်ပုံတင်နှင့် ကုမ္ပဏီ Profile တို့ကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။ တင်ဒါဖွင့်လှစ်မည့်ရက်ကို ထပ်မံ ကြော်ငြာမည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ် အချက်အလက်များကို သတင်းရဲတပ်ဖွဲ့ ဖုန်း-၀၆၇-၄၁၁၅၆၇၊ ၀၆၇-၄၁၁၅၈၀၊ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနခွဲ ဖုန်း-၀၁-၅၄၆၆၂၄ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။