Resident Evil Revelations 2

resident_evil_revelations_2_wallpaper_by_refanboy2012-d8bdb4f-.jpg

Resident Evil Franchise ဟာ မူလ Survival Horror ဂိမ်းပုံစံကနေ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိတဲ့ Resident Evil 4 နောက်ပိုင်းကနေ latest main series Resident Evil 6 အထိ Action Horror ဂိမ်းပုံစံအသွင် စတင်ပြောင်းလဲခဲ့သလို ကြားထဲမှာလည်း Resident Evil 5 ရဲ့ Lost in Nightmares DLC လိုမျိုး Nintendo 3DS ရဲ့ Resident Evil Revelations လိုမျိုး Survival Horror ဆန်တဲ့ ဂိမ်းလေးတွေကို မူလ ပရိသတ် အကြိုက် ထုတ်လုပ်ခဲ့ပါသေးတယ်။ Resident Evil Revelations 3DS version ထွက်ပြီးတော့လည်း graphics ပိုင်း အဆင့်မြှင့်တင်ပြီး PC, Wii U, PS3 နှင့် Xbox360 တို့လို Gaming platform တွေမှာ ရောင်း
ချခဲ့သလို ၂၀၁၅ အစောပိုင်းမှာလည်း Resident Evil HD Remastered ကို ပြန်ထုတ်ခဲ့ပြီးနောက် Capcom အနေနဲ့ Action gameplay အရမ်း အသားမပေးထားတဲ့ Resident Evil ဂိမ်းတွေရဲ့ ရောင်း အားလည်း ကောင်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။ Resident Evil Revelations 2 ကတော့ အရင် Survival Horror ပုံစံကို Action gameplay နည်းနည်းပိုထည့်ထားပြီး Episode အပိုင်း ၄ ပိုင်းခွဲပြီး ထွက်လာတဲ့ ဂိမ်းသစ်ဖြစ်ပါတယ်။

Resident Evil – Revelations 2 ဇာတ်လမ်းရဲ့ အပိုင်းတိုင်းမှာ Side “A” နဲ့ Side “B” ဆိုပြီး နှစ်မျိုးခွဲထားပြီးတော့ ဇာတ်လမ်းနေရာယူထားတဲ့ အချိန်ကတော့ Resident Evil 5 ဇာတ်လမ်းအပြီး Africa Bio Terror အမှုတွေ ပေါ်ပေါက်ပြီး နောက်ပိုင်းမှာ ဇာတ်လမ်းဆင်ထားပါတယ်။ Side “A” မှာတော့ Bio Terror အမှုတွေကို ဖော်ထုတ်နေတဲ့ Resident Evil 2 မှာ စတင်ပါဝင်ခဲ့တဲ့ ဇာတ်ကောင် Claire Redfield နှင့် Resident Evil 1 မှာ ပါဝင်ခဲ့တဲ့ Barry Burton ရဲ့ သမီးဖြစ်သူ Moira Burton တို့ နေရာက ဝင်ရောက်ကစားရမှာပါ။ Claire နဲ့ Moira  တို့ဟာ အမည်မသိ အဖွဲ့အစည်းရဲ့ ဖမ်းဆီးမှုခံခဲ့ရပြီး လူသူကင်းမဲ့ပြီး The Rotten လိုမျိုး အကောင်ဆိုးတွေ Bio Organic Weapon (B.O.W) အကောင်ကြီးတွေရှိတဲ့ အကျဉ်းထောင်ကနေ လွတ်မြောက်အောင် ကစားရတဲ့ ဇာတ်လမ်းဖြစ်ပြီး Episode တစ်ခုနှင့်တစ်ခုအပြီးမှာ TV Series တွေလိုမျိုး ဇာတ်လမ်း အလှည့်အပြောင်းမျိုးစုံနဲ့ ကစားသူတွေကို စိတ်ဝင်တစား ဆက်ကစားချင်လာအောင် လုပ်ပေးထားပါတယ်။ Side “B” ဇာတ်လမ်းကတော့ ကျွန်းအတွင်းက အဆောက်အဦ အပြင်ဘက် နယ်မြေတွေ မှာ နေရာယူထားပြီး သမီးဖြစ်သူကို လိုက်လံ ရှာဖွေနေတဲ့ Barry Burton နှင့် သဘာဝလွန်စွမ်းအင်တွေ ပိုင်ဆိုင်ထားတဲ့ Natalia Korda  တို့ နေရာမှ ကစားနိုင်မှာပါ။ Console Versions တွေမှာတော့ Co-Op mode မှာ Split Screen နှစ်ယောက်အတူတူကစားနိုင်ပြီး PC Version မှာတော့ Campaign ကို single player အဖြစ်သာ ကစားနိုင်ပါတယ်။

Resident Evil – Revelations 2 ဂိမ်းဟာ Survival Horror gameplay ရော Action gameplay  ကိုပါ ပေါင်းစပ်ထားတဲ့ ဂိမ်းဖြစ်ပြီး ရန်သူတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ထက် မိမိအသက်ရှင်ဖို့နဲ့ လွတ်လမ်း ရှာတွေ့ဖို့ကို ဦးစားပေးရမယ့် ဂိမ်းဖြစ်ပါတယ်။ Camera viewpoint တွေ level design တည်ဆောက်မှုတွေကတော့ အရင် Survival Horror အသားပေး RE  ဂိမ်းတွေနဲ့ ပုံစံအနည်းငယ် ကွဲပြားနေမှာ ဖြစ်ပြီး gameplay ပိုင်းကတော့ လက်ရှိ RE ဂိမ်းတွေနဲ့ ပုံစံဆင်တူပါတယ်။ ကျည်ဆန်ကိုတော့ difficulty level မြင့်တဲ့အပိုင်းတွေမှာ ချွေတာကစားရမှာဖြစ်ပြီး boss fight တွေ အတွက်၊ ရန်သူအကြီးစားတွေအတွက် ammo များများ ချန်ထားသင့်ပေမယ့် checkpoint restart စနစ်ပါလို့ သိပ်တော့ ပူစရာမလိုပါဘူး။ Claire ရဲ့ missions တွေမှာ Puzzle ပိုင်းတော့ အရမ်းကြီး မများပေမယ့် Barry ရဲ့ missions တွေမှာတော့ Puzzle ပိုင်းလေးတွေ ထည့်ထားပေးပါတယ်။  Weapon customization စနစ်လည်း ပါဝင်လာသလို in-game unlockable contents  တွေ အများကြီးပါဝင်တဲ့ Raid Mode အမည်ရ Co-op Multiplayer mode လည်း ပါဝင်လာတာ တွေ့ရပါတယ်။

Resident Evil – Revelations 2 ဂိမ်းသစ်ဟာ ၂၀၁၅ ဖေဖော်ဝါရီလ အစောပိုင်းကတည်းက အပတ်စဉ် လေးပတ်ဆက်တိုက် Episode တစ်ပိုင်းချင်းထွက်ပြီးမှ Complete Version အဖြစ်လည်း အစအဆုံး ပါဝင်တဲ့ပုံစံ ဖြန့်ချိခဲ့ပါတယ်။ Graphics ပိုင်းအနေနဲ့ကတော့ RE Revelations 1 ထက်အများကြီး ပိုကောင်းလာပေမယ့် RE HD Remastered တုန်းကလိုပဲ လုံးဝ next generation graphics level မဟုတ်သေးဘဲ ကြည့်ကောင်းတဲ့အဆင့်မှာ ရှိသေးတာ တွေ့ရပေမယ့် ဇာတ်လမ်းပိုင်း၊ gameplay ပိုင်းတွေ ကောင်းမွန်သလို နာရီပေါင်းများစွာ ကစားနိုင်မယ့် Raid Mode လည်း ပါဝင်ထားလို့ Action Horror ဂိမ်းပရိသတ်တွေ သဘောကျမယ့် ဂိမ်းကောင်းတစ်ခုဖြစ်တာ တွေ့ရပါတယ်။