Google Glass

Google Glass ဆိုသည်မှာ ဝတ်ဆင်ပြီး အသံနှင့် ထိန်းချုပ် အသုံးပြုနိုင်သော Android ထုတ်ကုန် တစ်ခု ဖြစ်သည်။ မျက်မှန်တစ်ခု အသွင် ပြုလုပ်ထားပြီး အသုံးပြုသူ၏ မျက်စိထံ အချက်အလက်တွေကို တိုက်ရိုက် ဖော်ပြပေးနိုင်သည်။

Google Glass သည် သက်ဆိုင်ရာ အချက်အလက်များကို ထောက်ပံ့ပေးရန်အတွက် အမြင်၊ အသံနှင့် တည်နေရာအခြေခံ input များကို အသုံးပြုပြီး live video ပါဝင်သော ဒီဂျစ်တယ် အချက်အလက် ပေါင်းစပ်ထားသည့် augmented reality ဟုခေါ်သော အတွေ့အကြုံကို ပေးစွမ်းနိုင်သည်။ ဥပမာ အနေဖြင့် Google Glass သုံးစွဲသူတစ်ဦးသည် လေဆိပ်အတွင်းသို့ ဝင်ရောက်သည်နှင့် လေယာဉ်ခရီးစဉ်နှင့် ပတ်သက်သည့် အချက်အလက်များကို အလိုအလျောက် လက်ခံရရှိမည် ဖြစ်သည်။ ထို့အပြင် Google Glass သုံးစွဲသူများသည် အသံနှင့် အမိန့်ပေး စေခိုင်းခြင်း၊ မျက်မှန်ကိုင်းတွင် ပါဝင်သည့် touchpad ဖြင့် ထိန်းချုပ် အသုံးပြုခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။

Google Glass တွင် အသုံးပြုထားသည့် operating system များတွင် Android ကို အခြေခံထားသည်။ ၎င်း operating system သည် Google Glass အတွက် ပြုလုပ်ထားသော Glassware ဟုခေါ်သည့် app များကို အသုံးပြုနိုင်သည်။ Built-in Wi-Fi နှင့် Bluetooth ဆက်သွယ်မှု ပါဝင်ပြီး ဓာတ်ပံနှင့် ဗီဒီယိုများကို ရိုက်ကူးရန်အတွက် ကင်မရာ တစ်ခု ပါဝင်သည်။

Google Glass ကို ၂၀၁၂ ခုနှစ်တွင် Google ၏ အဆင့်မြင့် နည်းပညာလက်တွေ့စမ်းသပ်ခန်းဖြစ်သည့် Google X တွင် Project Glass အနေဖြင့် လုပ်ဆောင်ခဲ့သည်။ ၂၀၁၃ ခုနှစ် အစောပိုင်းတွင် စမ်းသပ် သုံးစွဲသူအချို့နှင့် developer များ အသုံးပြုနိုင်ရန် Google ကုမ္ပဏီက စီစဉ်ဆောင်ရွက်ခဲ့သည်။