WhatsApp Android app တွင်အခမဲ့ Voice call ခေါ်ဆိုမှု ပါဝင်လာ

11080875_10152818426952825_3856666021508609842_o.jpg

Beta အနေဖြင့် စမ်းသပ်မှုများစွာ ပြုလုပ်ပြီးနောက် WhatsApp ၏ Android app တွင် အခမဲ့ voice call ခေါ်ဆိုမှုကို ထည့်သွင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

WhatsApp သည် Skype, Viber နှင့် Apple iMessage/Facetime ကဲ့သို့ ဝန်ဆောင်မှုနှင့် ယှဉ်ပြိုင်နိုင်ရန် ၎င်း၏ app ကိုအဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့်လက WhatsApp သည် Android အတွက် ဖုန်းခေါ်ဆိုမှု beta ဗားရှင်း feature အား ဖိတ်ကြားမှုရရှိသည့် သုံးစွဲသူ အနည်းငယ်ထံသို့ ဖြန့်ချိခဲ့ပြီးနောက် ယခုအခါတွင် Android WhatsApp သုံးစွဲသူများအားလုံးက voice call feature ကို အသုံးပြုနိုင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

WhatsApp calling feature သည် 2.12.5 ဗားရှင်းတွင် ပါဝင်လာသော်လည်း Google Play Store တွင် ဗားရှင်းဟောင်း 2.12.19 သာရှိသေးသည်။ WhatsApp ဗားရှင်းဟောင်းတွင် calling feature ကိုထောက်ပံ့ထားသော်လည်း လက်ရှိတွင် အသုံးပြု၍ မရသေးပေ။

ထို့ကြောင့် WhatsApp 2.12.5 ဗားရှင်းကို အသုံးပြုလိုသူများ အနေဖြင့် WhatsApp ဝက်ဘ်ဆိုက်နှင့် APK Mirror ဝက်ဘ်ဆိုက်မှတစ်ဆင့် ရယူ အသုံးပြုရမည် ဖြစ်ကြောင်း Forbes မှဖော်ပြခဲ့သည်။

Ref: Forbes