Virtual Storage

Virtual storage ဆိုသည်မှာ network storage device မြောက်များစွာမှ physical သိုလှောင်မှုများကို အဓိက console တစ်ခုကနေ စီမံထိန်းချုပ်ထားသော storage device တစ်ခုပေါ်တွင် စုပေါင်းထားခြင်းဖြစ်သည်။

Storage virtualization software သည် X86 ဆာဗာတစ်လုံးကို storage controller တစ်ခုအနေဖြင့် ပြောင်းလဲပေးပြီး ဆာဗာအတွင်းရှိ သိုလှောင်မှုများကို သိုလှောင်မှုစနစ်အနေနှင့် ပြောင်းလဲပေးသည်။ Virtualization ၏ အကျိုးကျေးဇူးမှာ အသုံးတည့်စေမည့် hardware သို့မဟုတ် ဈေးနှုန်းသက်သာသော သိုလှောင်မှုစနစ်ကို ထောက်ပံ့ပေးနိုင်ခြင်း ဖြစ်သည်။ Storage virtualization သည် backup, archive, recovery စသည်တို့ကို storage administrator မှ အလွယ်တကူနှင့် အချိန်တိုတွင်း ပြုလုပ်နိုင်အောင် အထောက်အပံ့ ပေးနိုင်သည်။

Enterprise virtual storage ထုတ်ကုန်များတွင် Hitachi Data System ၏ Virtual Storage Platform (VSP, IBM SAN Volume Controller (SVC) နှင့် NetApp V-Series တို့ ပါဝင်သည်။ Software အခြေခံ virtual storage controller များတွင် HP ၏ Lefthand နှင့် DataCore Software ၏ SANsymphony တို့တွင် virtual storage ဖြင့်လုပ်ဆောင်နိုင်သည့် ရွေးချယ်စရာများဖြစ်သည်။