Telenor ကုတ်နံပါတ် ခေါ်ဆိုခိုင်းနေသော Promotion အတုများ သတိပြုရန် ပြောကြား

Update-News_5.jpg

Telenor ကုတ်နံပါတ် ခေါ်ဆိုခိုင်းနေသော Promotion အတုများ သတိပြုရန် Telenor မှ အသိပေးထားသည်။

Telenor မှ Promotion ဟု ခေါ်ဆိုကာ Telenor အသုံးပြုသူများအား Code နံပါတ်များကို ခေါ် ဆိုခိုင်းနေသော Promotion အတုများ မြင်နေရကြောင်း၊ ထို Code နံပါတ်အတုများကို တွေ့ရှိပါက အသုံးမပြုမိစေရန် Telenor Myanmar မှ ပြောကြားလိုက်သည်။

Promotion များအားလုံးကို Telenor ၏ တရားဝင်ဖေ့စ်ဘုတ် စာမျက်နှာမှဖြစ်စေ၊ SMS မှဖြစ်စေ ကြေညာပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ကြေညာမှသာလျှင် Promotion အစစ်အမှန်များဖြစ်ပြီး အခြားသော စာမျက်နှာများ၊ လူတစ်ဦးချင်းစီမှ ပေးပို့လာသော Promotion များကို မယုံကြည်ရန် Telenor မှ ပြောကြားခဲ့သည်။