OLTP (online transaction processing)

OLTP (online transaction processing) ဆိုသည်မှာ application များကို အင်တာနက်ပေါ်တွင် အရောင်းအဝယ် ပြုလုပ်နိုင်ရန် ထောက်ပံ့ပေးထားသည့် စနစ်တစ်ခု ဖြစ်သည်။

ပုံမှန်အားဖြင့် OLTP စနစ်များကို ငွေကြေးဆိုင်ရာ အရောင်းအဝယ် ပြုလုပ်ခြင်း၊ ပစ္စည်းမှာယူခြင်း၊ သုံးစွဲသူများနှင့် အပြန်အလှန်ဆက်ဆံခြင်း၊ လက်လီရောင်းချခြင်း တို့အတွက် အသုံးပြုကြသည်။ ၎င်းစနစ်များတွင် ကာလတို အရောင်းအဝယ် ပြုလုပ်သူ မြောက်များစွာ ပါဝင်သည်။

OLTP စနစ်၏ အရေးအကြီးဆုံး အချက်မှာ တစ်ပြိုနက်လုပ်ဆောင်နိုင်မှုကို ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။

Online Transaction Processing တွင် အလွယ်တကူအသုံးပြုနိုင်ခြင်းနှင့် အချိန်တိုအတွင်း အကျိုးရှိစေခြင်း ဟူသော အကျိုးအမြတ် နှစ်ခုကို ရရှိနိုင်သည်။

IBM ၏ CICS (Customer Information Control System) ကို OLTP ထုတ်ကုန် တစ်ခုအနေဖြင့် လူသိများသည်။