G20 ခေါင်းဆောင်များ၏ တစ်ကိုယ်ရေ အချက်အလက်များ ပေါက်ကြား

11088535_10204451095417288_3805984545169913391_n.jpg

သြစတြေးလျနိုင်ငံတွင် ပြုလုပ်မည့် G20 အစည်းအဝေးတွင် ပါဝင်မည့် ကမ္ဘာ့ခေါင်းဆောင်များ၏ တစ်ကိုယ်ရေ အချက်အလက်များကို သြစတြေးလျ ပြည်ဝင်ခွင့်ဌာနမှ အွန်လိုင်းတွင် မတော်မဆ ဖော်ပြမိခဲ့ကြောင်း သိရသည်။

အဆိုပါအေဂျင်စီရှိ ဝန်ထမ်းတစ်ဦးသည် G20 ညီလာခံသို့ တက်ရောက်မည့် ကမ္ဘာ့ခေါင်းဆောင်များ အားလုံး၏ passport နံပါတ်၊ ဗီဇာအချက်အလက်နှင့် အခြားတစ်ကိုယ်ရေ အချက်အလက်များကို အာရှဖလား ဘောလုံးပြိုင်ပွဲ စီစဉ်သူများသို့ မှားယွင်းစွာ ပေးပို့မိခဲ့ကြောင်း guardian သတင်းစာမှ ဖော်ပြခဲ့သည်။

ထိုသို့ အချက်အလက် ပေါက်ကြားခဲ့သည့် ကမ္ဘာ့ခေါင်းဆောင်များထဲတွင် အမေရိကန်သမ္မတ ဘားရတ် အိုဘားမား၊ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဂျာမနီအဓိပတိ အိန်ဂျယ်လာမာကယ်၊ တရုတ်သမ္မတ ရှီကျင်ဖျင့်၊ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးနှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ကဲ့သို့ ထိပ်သီးခေါင်းဆောင်များ၏ အချက်အလက်များလည်း ပါဝင်သည်။

ထိုသို့ ကမ္ဘာ့ခေါင်းဆောင်များ၏ တစ်ကိုယ်ရေ အချက်အလက်များ ပေါက်ကြားခဲ့ခြင်းနှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံ၏ ပြည်ဝင်ခွင့်နှင့် နယ်စည်းမျဉ်းကာကွယ်ရေး လက်အောက်ရှိ ဗီဇာဝန်ဆောင်မှုဌာနခွဲ ဒါရိုက်တာတစ်ဦးက ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် ဖြစ်ပွားခဲ့သည့် အချက်အလက် ပေါက်ကြားမှုကို သတိပေးရန် တစ်ကိုယ်ရေ အချက်အလက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဆက်သွယ်ခဲ့သည်။

အဆိုပါ ပြည်ဝင်ခွင့်ဆိုင်ရာ အရာရှိက ကမ္ဘာ့ခေါင်းဆောင်များ၏ တစ်ကိုယ်ရေ အချက်အလက်များ ပေါက်ကြားမှုကို သတိမပြုမိစေရန် ဆောင်ရွက်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးရုံးသို့ ပေးပို့သော အီးမေးလ်တွင် အကြံပြုခဲ့သည်။

Ref: TheGuardian