Android ဖုန်းများရှိ App Encryption & Guest Mode

User-Guide4.jpg

နောက်ပိုင်းထွက် နည်းပညာမြင့် Android OS ဖုန်းတွေမှာ ပါဝင်လာတဲ့ စနစ်တွေဖြစ်တဲ့ Guest Mode နဲ့ App Encryption ဆိုတဲ့ စနစ်တွေရဲ့ အကြောင်းနဲ့ အသုံးပြု ပုံစံတွေကိုဖော် ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီစနစ်နှစ်ခုဟာ အသုံးပြု ပုံစံချင်းဆင်တူ သလိုရှိပေမယ့် တကယ်တမ်း အသုံးပြုတဲ့ အခါမှာတော့ ကွဲပြားခြား နားမှုရှိပါတယ်။ App Encryption ဆိုတဲ့ စနစ်ကတော့ ကိုယ့်ရဲ့ဖုန်းထဲ မှာရှိနေတဲ့ ကိုယ့်ရဲ့ App တွေကို လုံခြုံရေး စနစ်တစ်ခုအနေနဲ့ ကာကွယ်ထားနိုင်တဲ့ စနစ်ဖြစ်ပြီး Guest Mode ဆိုတဲ့ စနစ်ကတော့ ကိုယ့်ရဲ့ ဖုန်းမှာရှိနေတဲ့ OS ကို ကွန်ပျူတာတွေမှာ Windows နှစ် ခုခွဲထားသလိုမျိုး အသုံးပြုတဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုတဲ့ အချိန်မှာ ကိုယ့်ရဲ့ဖုန်းမှာရှိနေတဲ့ App တွေထဲကနေ ကိုယ်အသုံးမ ပြုစေချင်တဲ့ စနစ်တွေကို အမှတ်အသားပေးပြီး ဖွက်ထားနိုင်ပါတယ်။ Guest Mode (သို့) Kid Mode ဆိုတဲ့ စနစ်ကို

အသုံးပြုတဲ့ အခါမှာ ဖုန်းကို Screen ဖွင့်လိုက်တာနဲ့ ကိုယ်ပေးထားတဲ့ Password ဒါမှမဟုတ် Pattern Lock စနစ်ကို မြင်ရပါလိမ့်မယ်။ ဒီလိုမျိုး မြင်တွေ့ရတဲ့ အချိန်မှာ ကိုယ်ကဖုန်းရဲ့ စနစ်တွေထဲကိုဝင်တဲ့ Password နဲ့ ဖုန်းကို ဖွင့်နိုင်သလို Guest Mode အသုံးပြုထား တယ်ဆိုရင်လည်း Guest Mode Password ကိုဖွင့်ပြီး အသုံးပြု နိုင်ပါတယ်။ Guest Mode ကိုဖွင့်ပေးလိုက်တယ် ဆိုရင်တော့ ဖုန်းရဲ့စနစ်ထဲကို အသုံးပြုဖို့ ရောက်ရှိမှာ ဖြစ်ပေမယ့် ကိုယ်အသုံးမပြုစေချင်လို့  ပိတ်ထားတဲ့ App စနစ်တွေ၊ ကိုယ်ပေးမသုံးတဲ့ စနစ်တွေ အားလုံးဟာ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဒါဟာလည်း Guest Mode ရဲ့ကောင်းမွန်တဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

စတင်ပြီး လေ့လာကြည့်ကြပါမယ်။ ပထမဆုံးအနေနဲ့ App Encryption ဆိုတဲ့စနစ်ကို လေ့လာကြည့်ကြပါမယ်။ များသောအားဖြင့် ဖုန်းရဲ့ Setting ထဲက Security ထဲမှာ ဒီစနစ်က ရှိတတ်ပါတယ်။ ဖုန်းအမျိုးအစားနဲ့ OS ဖွဲ့စည်းပုံပေါ်လိုက်ပြီး ပြောင်းလဲမှုတော့ ရှိနိုင်ပါလိမ့်မယ်။

App Encryption ဆိုတဲ့ထဲကို ဝင်လိုက်ရင်တော့ ခုလိုမျိုး မြင်ရပါလိမ့်မယ်။

ဒါကလည်း ကိုယ်ကိုင်တဲ့ဖုန်း အမျိုးအစား ပေါ်မှာလိုက်ပြီး မြင်ကွင်းချင်း အနည်းငယ်ကွဲပြားမှု ရှိနိုင်ပါလိမ့်မယ်။ Encryption စနစ်က ပိတ်ထားတယ်ဆိုရင် ဖွင့်ပေးလိုက်ပါ။ ဖွင့်တာနဲ့ သူက Lock လုပ်ဖို့အတွက် Pattern ဒါမှမဟုတ် Password လုပ်ခိုင်း ပါလိမ့်မယ်။ လုံခြုံရေးအတွက် တစ်ခုခုပေးခဲ့လိုက်ပါ။

Encrypt စနစ်ပွင့် သွားပြီဆိုရင်တော့ Encrypt App ထဲမှာ ကိုယ်အသုံးမပြု စေချင်တဲ့ App တွေ၊ ကိုယ်ကလုံခြုံရေးအတွက် ပိတ်ထားချင်တဲ့ App တွေကို ရွေးချယ်ပေး နိုင်ပါတယ်။ ကိုယ်က Encrypt App စနစ်ထဲမှာ Password ပေးပြီး ပိတ်ထားလိုက်တဲ့ App တွေကို ဖုန်းရဲ့မြင်ကွင်း ပေါ်မှာတော့ မြင်တွေ့နေ ရပါတယ်။ ဒါပေမယ့် အသုံးပြုဖို့ဖွင့်တဲ့ အခါမှာတော့ Encrypt လုပ်ထားတဲ့ App တွေဟာ ပွင့်လာမှာ မဟုတ်ပါဘူး။ ဒီ App တွေကို ဖွင့်တာနဲ့ Password တောင်းနေမှာ ဖြစ်ပါတယ်။ ကိုယ့်ဖုန်းကို အခြားလူ တစ်ဦးတစ်ယောက်က ကိုင်တွယ် အသုံးပြုချိန်မှာ ကိုယ်အသုံးမပြုစေလိုတဲ့ App တွေအတွက် ဒီစနစ်က စိတ်ချရပါတယ်။

နောက်ထပ် စနစ်တစ်ခုဖြစ်တဲ့ Guest Mode ဆိုတဲ့ စနစ်ကတော့ ဖုန်းထဲမှာ ရှိနေတဲ့ App စနစ်တွေကို ဖွက်ထားနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်ဟာ Android ဖုန်းတွေမှာပါဝင်တဲ့ Hide App ဆိုတဲ့ စနစ်နဲ့လည်း ဆင်တူပါတယ်။ ကိုယ်အသုံးမပြု စေချင်တဲ့ App တွေကို ဖွက်ထားလိုက်တာ ဖြစ်ပါတယ်။ Guest Mode ကို အသုံးပြုမယ် ဆိုရင်တော့ ရှေ့မှာဖော်ပြခဲ့ တဲ့ Encrypt App စနစ်ရှိနေတဲ့ အနီးအနားမှာပဲ Guest Mode စနစ်ရှိနေ တတ်ပါတယ်။ အချို့ဖုန်းတွေမှာတော့ Guest Mode စနစ်ကို သီးသန့်ထုတ်ပေး ထားတာတာမျိုးလည်း ရှိပါတယ်။

Guest Mode စနစ်ထဲကို ဝင်လိုက်ပြီး Guest Password ပေးရပါမယ်။ ဒီနေရာမှာ Password ပေးတဲ့အခါမှာ ကိုယ်က ဖုန်းကို Screen Lock စနစ်မှာ ပေးထားတဲ့ Password နဲ့မတူအောင် ပေးပါ။ Password ပေးပြီးသွားရင်တော့ Guest Mode စနစ်ပွင့်သွားပြီ ဖြစ်ပါတယ်။ Guest Mode ပွင့်သွားပြီဆိုရင်တော့ ကိုယ်က အသုံးမပြု စေချင်တဲ့၊ ပိတ်ထားချင်တဲ့ စနစ်တွေကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

Private Photos ဆိုတဲ့ စနစ်ထဲမှာ ကိုယ်မမြင်စေချင်တဲ့ ဓာတ်ပုံတွေကို ထည့်သွင်းပြီး ပိတ်ထားနိုင်ပါတယ်။

Private Contacts ဆိုတဲ့နေရာမှာလည်း ကိုယ်မမြင်စေချင်တဲ့ Contacts တွေကိုပိတ်ထား နိုင်ပါတယ်။ ဒါ့အပြင် ဗီဒီယို ဖိုင်တွေကိုလည်း ပိတ်ထားနိုင်ပါတယ်။ ကိုယ့်ရဲ့ ဖုန်းထဲမှာရှိနေတဲ့ App စနစ်တွေကို ပိတ်ချင်တယ်ဆိုရင်တော့ Hide Applications ဆိုတဲ့ နေရာမှာသွားပြီး ကိုယ်မမြင်စေချင်၊ အသုံးမပြု စေချင်တဲ့ App တွေကို တစ်ခုချင်းစီ ရွေးချယ်ပြီး ပိတ်ထားနိုင်ပါတယ်။

ဖော်ပြထားတဲ့နေရာမှာ ကိုယ် အသုံးမပြုစေချင်တဲ့ App တစ်ခု ချင်းစီကို ပိတ်လိုက်ပါ။ ဒါဆိုရင် တော့ Guest Mode ကိုအသုံးပြု လို့ ရပါပြီ။ စနစ်တွေထဲကနေ အစအဆုံးထိ ပြန်ထွက်လိုက်ပါ။ ပြီးရင်တော့ ဖုန်းကို Screen Lock လုပ်လိုက်ပါ။

Screen Lock ကို ပြန်ဖွင့်မယ့် အချိန်မှာကိုယ်က ပုံမှန်အသုံးပြုနေတဲ့ Password ကိုနှိပ်ပြီးဖွင့်မယ် ဆိုရင်တော့ ကိုယ်ပုံမှန် အသုံးပြုနေတဲ့ စနစ်နဲ့ ပုံစံတွေထဲကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ်က Guest Mode ကိုပဲပေးပြီး အသုံးပြုစေ ချင်တယ်ဆိုရင်တော့ Screen Lock ကိုဖွင့်တဲ့အချိန်မှာ Guest Mode Password ကို ဖွင့်ပေးလိုက်ပါ။