Windwos RT အသုံးမပြုထားသော Surface tablet သစ်တစ်ခုကို Microsoft ဖန်တီးနေ

microsoft-surface-logo-stock_1020.0.jpg

Microsoft သည် Surface tablet သစ်တစ်မျိုးကို ဖြန့်ချိရန် စီစဉ်နေကြောင်း WinBeta သတင်းဌာနမှ ဖော်ပြခဲ့သည်။ အဆိုပါ Surface ထုတ်ကုန်သစ်သည် ဧပြီလတွင် ကျင်းပမည့် Microsoft ၏ Build conference မတိုင်မီ သို့မဟုတ် ပွဲအတွင်း ထွက်ရှိလာဖွယ်ရှိကြောင်း WinBeta ကဖော်ပြခဲ့သည်။

Microsoft အနေဖြင့် Surface 2 နောက်တွင် iPad များဖြင့်ယှဉ်ပြိုင်ရန် Surface 3 အားထုတ်လုပ်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မထွက်ရှိခဲ့ဘဲ Surface Pro 3 ကိုသာ ထုတ်လုပ်ဖြန့်ချိခဲ့သည်။ Surface tablet သစ်တွင် Windows 8.1 full ဗားရှင်းဖြင့် တင်ပို့ရောင်းချ ဖွယ်ရှိကာ အောက်တိုဘာ လမှသာ တင်ပို့ရောင်းချခဲ့ပါက အဆင့်မြှင့်တင်ထားသော Windows 10 ပါဝင်လာဖွယ် ရှိသည်။

Microsoft အနေဖြင့် အောင်မြင်မှု မရခဲ့သည့် Windows RT operating system ကို အသုံးပြုတော့မည် မဟုတ်ဘဲ Widows full ဗားရှင်းများကို အသုံးပြုသွားတော့မည် ဖြစ်သည်။

Ref: TheVerge