Apple ၏တေးဂီတ ဝန်ဆောင်မှုသစ်ကို Beats အမှုဆောင်ဟောင်းများ ဦးဆောင်ဖန်တီး မည်ဟုဆို

beats-music-app-ios.jpg

Apple ၏တေးဂီတ ဝန်ဆောင်မှုသစ်အတွက် Beats ၏အမှုဆောင် အရာရှိဟောင်းများဖြစ်သော ဂျင်မီအိုင်အိုဗိုင်းနှင့် ထရပ်ရပ်ဇ်နော်တို့က ဦးဆောင်ဖန်တီး သွားမည်ဖြစ်ကြောင်း New York Times သတင်းစာက ဖော်ပြခဲ့သည်။

Apple အနေဖြင့် တေးသီချင်း ခွေများကို ဖြန့်ချိရန်နှင့် iTunes ရေဒီယိုကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် စိတ်ဝင်စားနေကြောင်း New York Times တွင် ဖော်ပြထားသည်။ Apple ၏အသစ် ထွက်ရှိလာမည့် တေးဂီတ ဝန်ဆောင်မှုတွင် Beats Music ဝန်ဆောင်မှု၏ ပုံစံများ ပါဝင်လာဖွယ် ရှိသည်။ ၎င်းဝန်ဆောင်မှုသည် အသစ်ထွက်ရှိမည့် iOS 8.4 တွင် တစ်စိတ်တစ်ပိုင်းအဖြစ် စမ်းသပ်ခဲ့ကြောင်း သိရသည်။ Apple ၏ အသစ်ထွက်ရှိမည့် တေးဂီတ ဝန်ဆောင်မှုသည် Spotify နှင့် Rdio ကဲ့သို့ ဝန်ဆောင်မှုများထက် ဈေးနှုန်းသက်သာပြီး ကန်ဒေါ်လာ ၇.၉၉ သာ ကျသင့်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

Nine Inch Nails အဖွဲ့အဆိုတော် ထရပ်ရပ်ဇ်နော်သည် Beats ၏ဖန်တီးမှုဆိုင်ရာ အကြီးအကဲ အရာရှိဖြစ်ခဲ့ပြီး Apple ဝန်ဆောင်မှုသစ်၏ ဒီဇိုင်းပိုင်းတွင် အဓိကနေရာတွင် ပါဝင်လျက်ရှိသည်။ Beats ကို တွဲဖက်တည်ထောင်သူ ဂျင်မီအိုင်အိုဗိုင်း Apple ၏တေးဂီတ မျှော်မှန်းချက်များကို အကောင်အထည် ဖော်ရန် အဓိကနေရာမှ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

Ref: MacRumors