Aiushtha The Enchantress

dota_2__aiushtha__the_enchantress_by_geying-d7f2efx-.jpg

Dota မှာ ယေဘုယျအားဖြင့် strength ကောင်းကောင်း၊ Hp pool များများနဲ့ Hero တွေကိုသာ Durable, Tank များအဖြစ် သတ်မှတ်ထားကြပေမယ့် Dota 2 တစ်ခုလုံးမှာ အနည်းဆုံး Strength Grow +1 ကို ပိုင်ဆိုင်ထားတဲ့ Aiushtha The Enchantress ကိုလည်း Durable Hero တစ်ကောင်အဖြစ် လက်ခံပေးထားပါတယ်။ Support, Carry, Durable ကစားပုံ ၃ ခုစလုံး အပြင် Early, Middle, Late Game အထိ အသုံးဝင်တဲ့ Enchantress ဟာ Chen ကဲ့သို့ Jungle Creep ညှို့နိုင်တဲ့ Ability တစ်ခုပါဝင်နေတဲ့အတွက်ကြောင့် ကစားသမားအများစုဟာ သူမကို Support တစ်ကောင် အဖြစ်သာ လက်ခံထားကြတဲ့အတွက်  Public Match Making တွေမှာ မြင်တွေ့ရခဲတဲ့ Hero တစ်ကောင် ဖြစ်နေပါတယ်။ Movement Speed ကို 335 MS အထိ တိုးမြှင့်ပြီး နောက်မှာတော့ Professional ကစားပွဲအချို့မှာ ပြန်လည်တွေ့မြင်လာရတဲ့ Enchantress ဟာ လက်ခံမှု အနည်းငယ်ပြောင်းပြီး ကစားကြည့်မယ်ဆိုရင် အကောင်သေးသလောက် ကြောက်စရာကောင်းတဲ့ Hitter တစ်ကောင်ဖြစ်မှာ အသေအချာပါပဲ။

Aiushtha ဟာ စိမ်းလန်းသော တောအုပ်ကြီးအတွင်းက အပြစ်ကင်းစင်၊ ကြောက်ရွံ့မှုကို မသိတဲ့ သက်ရှိလေးတစ်ကောင် ဖြစ်ပါတယ်။ သဘာဝလောကကြီးရဲ့ ပူဆွေးသောကတွေကို သူမဟာ ကောင်းစွာ နားလည်သိရှိထားတဲ့အတွက်ကြောင့် အလင်းရောင်ဖြာပြီး စိမ်းလမ်းတဲ့ တောကြီးနဲ့ ဝေးရာကို ထွက်ခွာလာခဲ့ပါတယ်။ သူမဟာ ရာသီအလီလီ၊ ဒေသအမျိုးမျိုး၊ ရောက်လေရာ အရပ်တိုင်းမှာ မိတ်ဆွေသစ်များ ရှာဖွေ၊ သတင်းများ ဖြန့်ကြက်၊ ရယ်မောစရာများ သယ်ဆောင်ကာ ဒဏ်ရာအစုံစုံကို ကုသပေးခဲ့ပါတယ်။ စစ်ပွဲတွေကြောင့် ပျက်စီးယိုယွင်းနေတဲ့ ကမ္ဘာကြီးပေါ် မှာသစ်ပင်များဟာ စစ်ဖက် အဆောက်အအုံ၊ သင်္ဘောများနဲ့ ခံတပ်များအဖြစ် ပြောင်းလဲသွားခဲ့ရပြီး ငြိမ်းချမ်းတဲ့ ဒေသတွေမှာတောင် လူနေအိမ်များ၊ မီးဖိုများအတွက် မရေမတွက်နိုင်အောင် အသုံးပြုနေတဲ့ လောင်စာများအဖြစ် အသုံးချဖို့ ခုတ်လှဲ ဖျက်ဆီးခြင်း ခံနေရပါတော့ တယ်။ အသက်ရှင်ရပ်တည်ဖို့ စိမ်းလန်းအုံ့ဆိုင်းတဲ့ အရိပ်အာဝါသကို လိုအပ်သော သတ္တဝါငယ်လေးများရဲ့ အသနားခံသံကို မည်သူ တစ်ဦးတစ်ယောက်မှ အလေးထားခြင်း မရှိခဲ့ပေမယ့် Aiushtha ဟာ ဂရုတစိုက် နားထောင်ပေး ခဲ့ပါတယ်။ သူမဟာ သစ်တောကြီးအတွင်းက အဖြစ်အပျက် ဇာတ်လမ်းတွေကို ကမ္ဘာကြီးတစ်ခုလုံး သိရှိသွားအောင် သယ်ဆောင်ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ ကောင်းမွန်မှန်ကန်တဲ့ အားပေးချီးမြှောက်မှုကသာလျှင် အထိရောက်ဆုံး စည်းရုံးမှုတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်တဲ့ Aiushtha ဟာ စိမ်းလန်းသာယာသော အနာဂတ်ကို ဖန်တီးပေးမယ်လို့ တိုင်တည်ထားတဲ့ ကတိကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးမယ့် သူတစ်ဦးပဲ ဖြစ်ပါတော့တယ်။

Enchantress ကို Durable Hero တစ်ကောင်အဖြစ် သတ်မှတ်စေမယ့် Untouchable ဟာ သူမကို ဦးတည်ပြီး တိုက်ခိုက်မှု ပြုလုပ်တဲ့ Hero တိုင်းကို 4 seconds ကြာတဲ့ Attack Speed 30/60/90/ 120 လျော့စေမှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့် မှာHyperstone ၂ လုံးထက် များပြားတဲ့ Attack Speed ပမာဏကို လျော့စေမှာဖြစ်ပြီး Physical Attack အပြင် Target Ability အသုံးပြုရင်တောင် Attack  Speed ကို Slow စေမှာက Untouchable ရဲ့ ထူးခြားမှုပဲ ဖြစ်ပါတယ်။ ပွဲနောက်ပိုင်းအထိ အသုံးဝင်တဲ့အပြင် ကစားပွဲ အစပိုင်းမှာပါ Carry တွေနဲ့ ယှဉ်ပြီး တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ (Aiushtha ကို Durable တစ်ကောင်အဖြစ် သတ်မှတ်ပေးမယ့် Ability ဖြစ်ပါတယ်။)

Enemy နဲ့ Neutral Unit များကို မိမိဘက်မှာ ကူညီတိုက်ခိုက်ပေးအောင် ညှို့ခေါ်နိုင်မယ့် Enchant ကို ကစားပွဲအစမှာ Neutral Unit ဖြင့် အကူအညီယူ တိုက်ခိုက်ဖို့ အသုံးပြုနိုင်သလို ပွဲနောက်ပိုင်းအထိ Enemy Hero များကို Movement Speed Slow ဖြင့် တိုက်ခိုက်နိုင်မယ့် Ability ဖြစ်ပါတယ်။ Warlock’s Golem, Brewmaster’s Pandas, Wards နဲ့ Building များကို Enchant အသုံးပြုနိုင်မှာ မဟုတ်ဘဲ Meepo Clone နဲ့ Spirit Bear ကို အသုံးပြုရင် MS Slow ကို သက်ရောက်စေမှာ ဖြစ်ပါတယ်။ ညှို့နိုင်ခဲ့မယ်ဆိုရင်တော့ 80 Seconds ကြာအောင် ထိန်းချုပ်နိုင်မှာဖြစ်ပြီး MS Slow ဖြစ်ပေါ်စေမယ်ဆိုရင် 5.5 seconds ကြာမှာ ဖြစ်ပါတယ်။ များများယူရင်တော့ Cooldown ကျပြီး Slow Rate တိုးလာမှာပါ။ (Aiushtha  ကို Pusher  တစ်ကောင်အဖြစ် သတ်မှတ်ပေးမယ့် Ability ဖြစ်ပါတယ်။)

Wisp တစ်ကောင်ဟာ 10 Hp နှုန်းနဲ့ သွေးဖြည့်ပေးမှာဖြစ်ပြီး Nature’s Attendant ကို များများယူခဲ့ရင် Wisp အကောင်အရေအတွက် 3/5/7/9 ကောင် တိုးလာမှာဖြစ်လို့ ကစားသမားအများစု lvl တင်လေ့ရှိတဲ့ Ability တစ်ခု ဖြစ်ပါတယ်။ Wisp များဟာ Enchantress ရဲ့ 275 AoE အတွင်းက Unit တွေကို Random သွေးဖြည့်ပေးမှာဖြစ်လို့ Unit များသွားရင် သွေးပြည့်မယ့် ပမာဏနည်းသွားမယ့်အချက်ကို သတိပြုသင့်ပါတယ်။ ဒါကြောင့် Nature’s Attendant ကို Ally အတွက် အသုံးပြုပေးတဲ့အခါမှာ Creep များနဲ့ ဝေးရာမှာ အသုံးပြုသင့်ပါတယ်။ နောက်ဆုံးအဆင့်မှာ စုစုပေါင်း Hp ပမာဏ 900 ကို ပြည့်စေမှာ ဖြစ်ပါတယ်။ (Aiushtha ကို Support တစ်ကောင်အဖြစ် သတ်မှတ်ပေးမယ့် Ability ဖြစ်ပါတယ်။)

Unique Attack Modifier တွေကို လျှော့ချပေးလိုက်တဲ့ Dota 2 အရောက်မှာတော့ Ultimate impetus ကို Mask of Madness နဲ့ တွဲဖက်အသုံးပြုလာတာကို တွေ့ရပါတယ်။ Impetus ဖြင့် Safe ဖြစ်တဲ့ အကွာအဝေးကနေ လျင်မြန်တဲ့ Attack Speed နဲ့ တိုက်ခိုက်မယ်ဆိုရင် များပြားလွန်းတဲ့ Pure Damage တွေဟာ Physical တိုက်ခိုက်မှုတိုင်းမှာ တွဲဖက်ပေးနေမှာ ဖြစ်ပါတယ်။ Enchantress နဲ့ အတိုက်ခိုက်ခံရတဲ့ Unit ကြားအကွာအဝေးရဲ့ ၂၅% ဟာ Pure Damage အဖြစ် ပေါင်းစပ်ပြီး သက်ရောက်နေမှာ ဖြစ်ပါတယ်။ ၂ ယောက်ကြား အကွာအဝေး 1000 Distance ရှိမယ်ဆိုရင် 250 Pure Damage ပိုထိမှာဖြစ်လို့ Projectile မကျရောက်ခင် Target Unit နဲ့  ဝေးရာကိုသွားပြီး Damage ပမာဏကို တိုးမြှင့်နိုင်ပါတယ်။ ဒါပေမဲ့ အများဆုံး 2500 Distance ထက် မပိုမှသာ Extra Damage ရရှိမှာဖြစ်လို့ Glimpse, Test of Faith, Town Portal အစရှိတဲ့ 2500 Distance ထက်ပိုမယ့် အသုံးပြုမှုတွေကို လက်လျှော့ထားသင့်ပါတယ်။ (Aiushtha ကို Carry တစ်ကောင်အဖြစ် သတ်မှတ်ပေးမယ့် Ability ဖြစ်ပါတယ်။)

Hero တစ်ကောင်တည်းမှာတင် Role လေးခု ပေါင်းစပ်ပေးထားပေမယ့် Hp ပမာဏနည်းလွန်းခြင်းကို Enchantress ရဲ့ အဆိုးရွားဆုံး အားနည်းချက်အဖြစ် ထည့်သွင်းထားလို့  သတ်ရလွယ်တဲ့ Hero တစ်ကောင် ဖြစ်နေပါတယ်။ ယခင် Dota 1 တုန်းက Navi ကစားသမားတွေဟာ Summon Unit တွေနဲ့ Aggressive Pushing ပုံစံနဲ့ ကစားပြခဲ့လို့ Enchantress ကို Support, Pusher ပုံစံထက်ပိုပြီး မသတ်မှတ်ပေးကြပါဘူး။ ဒါပေမဲ့ အထိုက်အလျောက် Hp Pool များအောင် ဆက်ပြီး နေတတ်ထိုင်တတ်မယ်ဆိုရင် Enchantress ဟာလည်း ပွဲအစမှ ပွဲအဆုံးအသုံးတည့်တဲ့ Hero ဆိုတာ ငြင်းလို့ မရပါဘူး။ Dota 2 ရဲ့ Suggest Items List ထဲမှာ ကိုက Enchantress ကို Support Item တွေနဲ့ ဆော့ဖို့ မရည်ညွှန်းထားဘဲ Hp Pool တက်ပြီး Armor, Attack Speed တိုးစေမယ့် Heart, Hyperstone, Orchid တို့လို Item တွေကို ရည်ညွှန်းထားတာကို ကြည့်ရုံနဲ့ Aiushtha ဟာ Pure Support မဟုတ်ဘူးဆိုတာကို သိနိုင်ပါတယ်။ အစောပိုင်း Lane Push ပုံစံ မကစားဘူးဆိုရင် ပစ်ချက်တိုင်းမှာ များပြားတဲ့ Pure Damage ပေါင်းများစွာ ဖြစ်ပေါ်နိုင်တဲ့ Enchantress ကို Carry တစ်ကောင်လို ဆော့တာလည်း အမှားကြီးတော့ မဟုတ်ပါဘူး။ မိမိတာဝန် မိမိကျေဖို့ပဲလိုပါလိမ့်မယ်။ Hand of Midas, Mask  of Madness တို့ဖြင့် Enchantress ရဲ့ Attack Speed ကို တင်ပေးထားနိုင်ပြီး Attack Range ကို ၁၉ဝ တိုးစေမယ့် Aghanim’s Scepter ကတော့ Hp Pool ကို တိုးစေမှာဖြစ်လို့ Carry လို ဆော့မယ်ဆိုရင်တော့ မဖြစ်မနေ စပ်ပေးသင့်ပါတယ်။ Public Match  တွေမှာ ကစားမယ်ဆိုရင် Lane နေဖို့ အခက်အခဲရှိတာကြောင့် Jungle Support ပုံစံနဲ့ အဆော့များပေမယ့် Massive Nuker တွေဖြစ်တဲ့ ဥပမာ Lion, Lina, QoP, Tiny, Meepo တို့လို Hero တွေ မပါခဲ့ရင်တော့ Carry Enchantress နဲ့ ဆော့ကစားဖို့ကို ထည့်သွင်း စဉ်းစားနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သာလျှင် မိမိအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

yahooyeeha
(www.myanmardota2.com)