LG Watch Urbane LTE ကို တောင်ကိုရီးယားနိုင်ငံတွင် ကန်ဒေါ်လာ ၅၈၉ ဖြင့် ရောင်းချခဲ့

11102769_10204431655611305_4323874822926265774_n.jpg

LG သည် ၎င်း၏ LG Watch Urbane LTE ကို တောင်ကိုရီးယားနိုင်ငံတွင် ဝမ် ၆၅၀,၀၀၀ ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

LG Watch Urbane LTE သည် စမတ်ဖုန်းဖြင့် တွဲဖက်အသုံးပြုစရာ မလိုအပ်ဘဲ ဖုန်းခေါ်ဆိုနိုင်ခြင်းနှင့် လက်ခံနိုင်ခြင်းအပြင် text message များကို ပေးပို့ခြင်းနှင့် လက်ခံခြင်းတို့ကို ပြုလုပ်နိုင်သည်။

ထို့အပြင် ကွန်ရက်တစ်ခုအတွင်း အခြားဖုန်းများနှင့် ဆက်သွယ်နိုင်သည့် push-to-talk ခေါ်ဆိုမှုများ ပြုလုပ်ခြင်းနှင့် near-field-communication မှတစ်ဆင့် မိုဘိုင်းငွေပေးချေမှုများ ပြုလုပ်နိုင်သည်။

၎င်းစမတ်နာရီတွင် ကိုယ်ပိုင် universal SIM ကတ်ပါဝင်ပြီး 4G LTE ကွန်ရက်ဖြင့် ဖုန်းခေါ်ဆိုမှုများ ပြုနိုင်သည်။ စမတ်နာရီ အများစုသည် လုပ်ဆောင်မှု ကန့်သတ်ချက်များကြောင့် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခြင်းနှင့် လက်ခံရာတွင် စမတ်ဖုန်းများဖြင့် တွဲဖက် အသုံးပြုရသည်။

LG ၏ စမတ်နာရီသည် စမတ်နာရီ၏ လုပ်ဆောင်ချက် အကန့်အသတ်ကို လျှော့ချထားသည့် ထုတ်ကုန်ကို ဖြန့်ချိခဲ့သော်လည်း ၎င်းစမတ်နာရီအား စမတ်ဖုန်းနှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားသေးသည်။

LG သည် ၎င်း၏စမတ်နာရီတွင် ၂၀၁၃ ခုနှစ်က Hewlett-Packard ထံမှ ဝယ်ယူခဲ့သည့် WebOs ဗားရှင်းကို အသုံးပြုထားသည်။ LG သည် WebOS ကို ၎င်း၏စမတ်တီဗွီများတွင် အသုံးပြုခဲ့ပြီး ယခုအခါတွင် မိုဘိုင်းထုတ်ကုန်များ၌လည်း အသုံးပြုလာပြီ ဖြစ်သည်။

LG ၏ Web OS သည် Android 4.4 နှင့်အထက် ထုတ်ကုန်များဖြင့် ချိတ်ဆက်နိုင်ကြောင်း သိရသည်။ LG Watch Urbane LTE ၏ မျက်နှာပြင် အရွယ်အစားမှာ ၁.၃ လက်မ ပလတ်စတစ်အော်ဂဲနစ် LED ဖြစ်ပြီး ထုတ်ကုန်အတွင်း 1.2 GHz Qualcomm Snapdragon 400 ပရိုဆက်ဆာနှင့် 700 mAh ဘက်ထရီ ပါဝင်လာသည်။

Ref: CNET