တင်မ်ကွတ်ခ်က ၎င်း၏စည်းစိမ်ဥစ္စာများကို လှူဒါန်းရန်စီစဉ်ထား

10983183_10204431562568979_542025649930371720_n.jpg

Apple ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ တင်မ်ကွတ်ခ်သည် Microsoft ကို တွဲဖက်တည်ထောင်သူ ဘီလ်ဂိတ်ကဲ့သို့ ၎င်း၏စည်းစိမ်ဥစ္စာများကို လှူဒါန်းရန် စီစဉ်နေကြောင်း ပြောကြားသွားခဲ့သည်။

တင်မ်ကွတ်ခ်အနေဖြင့် ၎င်း၏ တူဖြစ်သူ၏ ကောလိပ်တက်ရောက်သည့် စရိတ်ကို ကျခံပြီးနောက် စည်းစိမ်များကို လှူဒါန်းသွားမည် ဖြစ်ကြောင်း Fortune မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ “ခင်ဗျားအနေနဲ့ လှိုင်းတွန့်လေးတွေ ဖန်တီးတဲ့ ရေကန်ငယ်ထဲက ကျောက်စရစ်ခဲ ဖြစ်ချင်မှာပါ”ဟု တင်မ်ကွတ်ခ်က Fortune မဂ္ဂဇင်းသို့ ပြောကြားသွားခဲ့သည်

တင်မ်ကွတ်ခ်သည် ၎င်းတို့၏ စည်းစိမ်ကို အခြားသူများနှင့် ဝေမျှခြင်းကို ယုံကြည်သည့် ဘီလျံနာနှင့် သန်းကြွယ် သူဌေးများပါဝင်သည့် အဖွဲ့ဝင်များအနက် တစ်ဦးဖြစ်သည်။

အဆိုပါအဖွဲ့တွင် ဘီလ်ဂိတ်သည် ပရဟိတ အကျိုးဆောင်သူတစ်ဦးအဖြစ် လူသိများပြီး ၎င်း၏ဇနီးဖြစ်သူ မလင်ဒါနှင့်အတူ ပိုင်ဆိုင်မှု ၃၇ ရာခိုင်နှုန်း ကန်ဒေါ်လာ ၃၀.၂ဘီလီယံကို လှူဒါန်းခဲ့ကြောင်း Forbes မှ ဖော်ပြခဲ့သည်။

Facebook အမှုဆောင်အရာရှိချုပ် မတ်ဇူကာဘတ်သည် ၎င်းမျက်ကွယ်ပြုသွားသည့်အခါ ပိုင်ဆိုင်မှု၏ ၄ ရာခိုင်နှုန်း ကန်ဒေါ်လာ ၁.၅ ဘီလီယံကို လှူဒါန်းခဲ့သည်။

အခြားကုမ္ပဏီ၏ အကြီးအကဲများဖြစ်သော Google တွဲဖက်တည်ထောင်သူ ဆာဂီဘရင်၊ eBay တည်ထောင်သူ အိုမစ်ရာနှင့် Intel တွဲဖက်တည်ထောင်သူ ဂေါ်ဒွန်မိုးတို့သည်လည်း ပရဟိတလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

Ref: CNET