လန်ဒန်၊ ပဲရစ်နှင့် တိုကျိုမြို့များတွင် Apple Watch အရောင်းဆိုင်များ ဖွင့်လှစ်သွားမည်

1896867_10204431503367499_4928318794459402821_n.jpg

Apple သည် ကမ္ဘာတစ်ဝန်း၌ Apple Watch စတိုးများကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က ကြေညာခဲ့ပြီး ဧပြီလ ၁၀ ရက်တွင် စမတ်နာရီကြိုတင်မှာယူမှုများကို လက်ခံသွားမည် ဖြစ်သည်။

အဆိုပါဆိုင်များကို Apple အနေဖြင့် လန်ဒန်ရှိ Selfridge စတိုးတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပဲရစ်မြို့ရှိ Galeries Lafayette နှင့် တိုကျိုရှိ Isetan ကုန်တိုက်များတွင် Apple Watch အရောင်းဆိုင်များ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

နာမည်ကျော်ကုန်တိုက်များတွင် Apple Store များအဖြစ် Apple Watch ရောင်းချမည့်ဆိုင်များ၌ ကုမ္ပဏီ၏ လက်လီအရောင်းဝန်ထမ်းများက သုံးစွဲသူများ၏ အခက်အခဲကို ဖြေရှင်းပေးသွားမည် ဖြစ်သည်။

အဆိုပါဆိုင်များကို ဧပြီလ ၁၀ ရက်တွင် တစ်ပြိုင်နက်တည်း ဖွင့်လှစ်မည် ဖြစ်သလို ၎င်းရက်သည် Apple Watch ကို ကုမ္ပဏီ၏စတိုးများ၌ preview ကြည့်ရှုနိုင်ခြင်းနှင့် ကြိုတင်မှာယူမှု စတင်ပြုလုပ်နိုင်သည့်ရက်ဖြင့် ကိုက်ညီနေသည်။

ထို့နောက် နှစ်ပတ်အကြာတွင် အမေရိကန်၊ ယူကေ၊ သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်နှင့် ဂျပန်နိုင်ငံတို့၌ Apple Watch ကို ရောင်းချပေးသွားမည် ဖြစ်သည်။

Ref: AppleInsider