Account အများစု တိုက်ခိုက်ခံထားရဖွယ်ရှိဟု Twitch သတိပေး

11059614_10204425228770638_5789575500143391533_n.jpg

Gamer များအတွက် ဗွီဒီယိုဝန်ဆောင်မှုဖြစ်သည့် Twitch သည် တိုက်ခိုက်ထားရဖွယ်ရှိကြောင်း ကုမ္ပဏီက blog post တွင် ရေးသားခဲ့သည်။

Amazon မှ ပိုင်ဆိုင်သော Twitch သည် ၎င်း၏ account များ အခွင့်မရှိဘဲ ဝင်ရောက်ထားမှုများကို တွေ့ရကြောင်း၊ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် password များကို ပြောင်းလဲရန်အပြင် live stream ပြုလုပ် ရန်အတွက် Twitter နှင့် YouTube များဖြင့် ချိတ်ဆက်ထားသည့် account များသည်လည်း disconnect ပြုလုပ်ထားကြရန် သတိပေးထားသည်။ ထိုသို့ တိုက်ခိုက်ခံရသည့် သုံးစွဲသူများ၏ အီးမေးလ်လိပ်စာများ ပေါ်ထွက်လာပြီးနောက် ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ အိမ်လိပ်စာ၊ မွေးနေ့နှင့် password များအားလုံးကို ဝင်ရောက်ရှာဖွေ ကြည့်ရှုထားသည့် လက္ခဏာတွေ့ရကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီအနေဖြင့် ၎င်း၏ဝန်ဆောင်မှု တိုက်ခိုက်ခံရကြောင်း ဝန်ခံခြင်းမရှိသေးသော်လည်း ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ပြောဆိုခဲ့သည်။ ယမန်နှစ်က Amazon သည် Twitch ကို ကန်ဒေါ်လာ ၉၇၀ ဖြင့် ဝယ်ယူခဲ့သည်။ Twitch သည် gamer များအတွက် ရေပန်းအစားဆုံးဗွီဒီယို platform တစ်ခုဖြစ်ပြီး ဂိမ်း content များကို live stream လွှင့်နိုင်သည့်အပြင် သူငယ်ချင်းနှင့် ပရိသတ်များဖြင့်ဆက်သွယ်နိုင်သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် Twitch တွင် အဖွဲ့ဝင်ပေါင်း သန်း ၁၀၀ ရှိလာပြီး ရုပ်သံများကို ထုတ်လွှင့်သူ ၁.၅ သန်းခန့်ရှိကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံအတွင်း အင်တာနက် အသုံးပြုမှုများတွင် ၁.၈ ရာခိုင်နှုန်းရှိပြီး ထိုပမာဏသည် Netflix, Google နှင့် Apple တို့၏ စုစုပေါင်း အင်တာနက် အသုံးပြုမှုထက် ၅၈ ရာခိုင်နှုန်း ပိုမိုများပြားကြောင်းသိရသည်။

Ref: CNET