FESTO 2014 Technology Road Show ကျင်းပမည်

Festo-Pressebild-CC_14_12_ExoHand_1-.gif

FESTO 2014 Technology Road Show များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

FESTO 2014 Technology Road Show များကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ Junction Square Mall တွင်လည်းကောင်း၊ နိုဝင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရန်ကုန် နည်းပညာတက္ကသိုလ် (Yangon Technology University ) တွင်လည်းကောင်း၊ နိုဝင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မန္တလေး မြို့တော်ခန်းမ (Mandalay City

Hall) တွင် လည်းကောင်း၊ နိုဝင်ဘာလ ၁၉ ရက်တွင် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ Myanmar International Convention Center II  နေပြည်တော်တွင် လည်းကောင်း ကျင်းပ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Roadshow များသို့ အများပြည်သူများအနေဖြင့် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအတွင်း လေ့လာမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။

 

Festo သည် ကမ္ဘာတစ်ဝန်းရှိ Automation နည်းပညာပိုင်း၌ ဈေးကွက်ဦးဆောင်နေသော လုပ် ငန်းများစွာထဲမှ တစ်ခုဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ သင်ကြားရေးနှင့် စဉ်ဆက်မပြတ်ပညာရေး လောက၌လည်း ကမ္ဘာ့ဈေးကွက်ကို ဦး ဆောင်နေသော လုပ်ငန်းတစ်ခု ဖြစ်သည်။ သီးခြားလွတ်လပ်သော

မိသားစုကုမ္ပဏီဖြစ်ပြီး ၁၉၅၂ နှစ်၌ စတင်တည်ထောင်ခဲ့သည်။ ဌာနချုပ်မှာ ဂျာမနီနိုင်ငံ Esslingen မြို့၌ တည်ရှိသည်။ လေဖိအားနှင့်

လျှပ်စစ်သုံး drive နည်းပညာကို ကမ္ဘာတစ်ဝန်းရှိ စက်မှုလုပ်ငန်း ၂၀၀ ကျော်မှ ဖောက်သည်ပေါင်း ၃၀၀,၀၀၀ ကို ဖြန့်ချိလျက်ရှိသည်။

Festo Didactic မှ ရောင်းချ သော ထုတ်ကုန်များအတွက် သင် ကြားရေးဌာနများ ဖွင့်လှစ်ပေးထားပြီး ကမ္ဘာတစ်ဝန်းရှိ ဖောက်သည်

ပေါင်း ၄၀,၀၀၀ ကို သင်ကြားပေးခဲ့ပြီး ဖြစ်သည်။ Festo အုပ်စု၏ ၂၀၁၃ ခုနှစ် တစ်နှစ်တာဝင်ငွေမှာ ယူရို ၂.၂၈ ဘီလီယံရှိသည်။ Festo

အုပ်စုမှ ဖွင့်လှစ်ထားသော ကမ္ဘာတစ်ဝန်းရှိ နေရာပေါင်း ၂၅၀ ၌ လုပ်ကိုင်နေသော လုပ်သားပေါင်း ၁၆,၇၀၀ ရှိသည်။

FESTO ၏Official Partner ဖြစ်သည့် Sea Lion ကို ၁၉၉၇ ခုနှစ် ၌ တည်ထောင်ခဲ့ပြီးဌာနချုပ်မှာ ရန်ကုန်မြို့၌ရှိသည်။လုပ်သား ပေါင်း ၃၀၀ ဖြင့် လုပ်ကိုင် လျက်ရှိသည်။