Overhead-type Stereo Headset

Overhead-type-Stereo-Headsets-.jpg

သီချင်းနားဆင်ခြင်းနှင့် ဖုန်းပြောဆိုခြင်းများကို ပြုလုပ်နိုင်မည့် ELECOM အမှတ်တံဆိပ် EHP-OH200S မော်ဒယ် Overhead type Stereo Headset ဖြစ်သည်။ မည့်သည့် Smartphone, iPhone, Tablet, Laptop များဖြင့်မဆို ချိတ်ဆက်ကာ အသုံးပြုနိုင်မည် ဖြစ်သည်။ Driver Unit 30mm ကို တပ်ဆင်အသုံးပြုထားပြီး Overhead-type ဖြစ်သည့်အတွက် အထူးကောင်းမွန်သော အသံအရည်အသွေးကို အပြည့်အဝ ခံစားနား ဆင်နိုင်မည် ဖြစ်သည်။ တပ်ဆင်အသုံးပြုရာတွင် မိမိနားနှင့် အံဝင်ခွင်ကျ ဖြစ်အောင် လိုသလို အတိုးအလျှော့ ပြုလုပ်နိုင်သည်။ နာကျင်မှုမရှိအောင် နားနှင့် ထိစပ်ရာနေရာကို နူးညံ့သော Rubber စွပ်လေးများဖြင့် ရစ်ပတ်တပ်ဆင်ပေးထားသည်။ Smartphone ချိတ်ဆက်ရန် Glod-plated Plug (L-type) ပလပ်ခေါင်းကို အသုံးပြုထားပြီး ကြိုးအရှည်မှာ 1.2 m(Ytype) အရှည်ရှိမည် ဖြစ်သည်။ ကြိုးပြားကို အသုံးပြု ထားသောကြောင့် ကြိုးများ ရှုပ်နေမှုကို ဖြစ်စေခြင်းမှကင်းဝေးစေမည် ဖြစ်သည်။ အရောင်အနေဖြင့် အမည်း၊ အစိမ်း၊ အဖြူ၊အပြာနှင့် ပန်းဟူ၍ ရှိသည့်အတွက် ကြိုက်နှစ်သက်ရာ အရောင်ကို ရွေးချယ် ဝယ်ယူနိုင် မည် ဖြစ်သည်။ တန်ဖိုးမှာ ၃၀,၀၀၀ ကျပ်ဖြစ်ပြီး CYBER PLUS ဖုန်း – ၀၁-၂၂၇၅၉၃ နှင့် ၀၉၃၂၁၄၂၅၂၈ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။