Tangent (iOS)

Tangent.jpg

၂၀၁၃ ခုနှစ်မှာ အကောင်းဆုံး App စာရင်းတွင် ပါဝင်ခဲ့သည့် Tangent အမည်ရှိတဲ့ App ဟာ ဓာတ်ပုံတွေကို ရိုက်ကူးရာမှာ အကောင်းဆုံး ဖြစ်စေနိုင်ရန်အတွက် စီစဉ်ဖန်တီးပေးနိုင်သည့် App တစ်ခုဖြစ်သည်။ ဓာတ်ပုံရိုက်ကူးရာတွင် အသုံးဝင်မည့် Tool များစွာကို ထည့်သွင်းပေးထားပြီး အလွယ်တကူနှင့် ရိုက်ကူးနိုင်စေရန်အတွက် စီစဉ်ပေးထားသည့် App တစ်ခုလည်း ဖြစ်သည်။

အဆိုပါ App ကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၁.၉၉ ဖြင့် ရောင်းချပြီး ယခုအခါမှာတော့ အချိန်အကန့်အသတ်ဖြင့် အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ iOS Version 7.1 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။