Nvidia Shield Tablet

cover.jpg

တန်ဖိုး – ကန်ဒေါ်လာ ၂၉၉

အားသာချက် – Gaming အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Tablet အမျိုးအစား တစ်ခုဖြစ်ပြီး၊ Stroage များများ အသုံးပြုချင် သူများအတွက် microSD ကို ပမာဏ များများစားစား အသုံးပြုနိုင်ရန်အတွက် စီစဉ်ပေးထားတဲ့ Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။ Android 5.0 Lollipop Version ကိုအသုံးပြုထားပြီး၊ Play Store ကို အပြည့်အဝ အသုံးပြုနိုင်အောင် စီစဉ်ပေးထားသလို၊ Nvidia Shield Tablet မှာပါဝင်တဲ့ Add-on ဟာ Wireless Game Controller တွေကို ချိတ်ဆက်အသုံးပြု နိုင်အောင်လည်း စီစဉ်ထားပါတယ်။ Streaming Video များနဲ့ Game များကို TV နဲ့ချိတ်ဆက် အသုံးပြုနိုင်အောင်လည်း ထောက်ပံ့ပေးထား ပါတယ်။

အားနည်းချက် – ဒီ Tablet ဟာ ပလတ်စတစ် ဘော်ဒီကို အသုံးပြုတဲ့အတွက် အနည်းငယ် ဈေးပေါတယ်လို့ ခံစားရမှာဖြစ်ပြီး၊ Game Controller ဟာ ဂိမ်းအတော်များများကို အထောက်အပံ့ ပေးထားတဲ့အတွက် Game Controller တွေကိုထပ်မံ ဝယ်ယူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် K1 Graphic ဟာလည်း Android Game အတော်များများကို အထောက်အပံ့ ပေးနိုင်ခြင်း မရှိတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

သုံးသပ်ချက် – ဒီ Tablet ကို ဂိမ်းအတွက် မဝယ်ယူဘူးဆိုရင်တောင်မှ စွယ်စုံသုံး Tablet အဖြစ်နဲ့ ဝယ်ယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Display Screen အရွယ်အစား ၈ လက်မ ခန့်ရှိတဲ့ အတွက် မြင်ကွင်း အရွယ်အစား ကြီးကြီးမားကို ကြိုက်နှစ်သက်သူတွေ စိတ်တိုင်းကျစေမယ့် Tablet အမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက် – Nvidia Tegra K1 Chipset ကို အသုံးပြုထားပြီး Quad Core 2.2 GHz မြန်နှုန်းရှိတဲ့ Processor ကို အသုံးပြုထားပါတယ်။ UPL GeForce Kepler GPU ကို ထည့်သွင်း ပေးထားတဲ့အတွက် Game ကစားမယ့် သူများအတွက် ရုပ်ထွက်ကောင်းမွန်တဲ့ Graphic ကို ခံစားရမှာ ဖြစ်ပါတယ်။ RAM 2 GB ပါဝင်မှာဖြစ်ပြီး အချက်အလက် သိမ်းဆည်းဖို့အတွက် Internal Stroage 16GB ပါဝင်မှာ ဖြစ်ပါတယ်။ Android Version 5.0.1 Lollipop Version ဖြင့်အသုံးပြုနိုင်မှာဖြစ်ပြီး၊ Display Screen အရွယ်အစားက ၈ လက်မခန့်ရှိ မှာဖြစ်ပါတယ်။ Resolution ကတော့ 1920 x 1200 pixels ရှိမှာဖြစ်ပြီး၊ Capacitive Touchscreen ကို အသုံးပြုထားပါတယ်။ 5 Megapixels Camera ကို အရှေ့ဘက်မှာရော အနောက်ဘက်မှာပါ တပ်ဆင်ထားပါတယ်။ Micro USB 2.0 နှင့် HDMI Port ပါဝင်မှာလည်း ဖြစ်ပါတယ်။ ဘက်ထရီကို Li-ion Battery ကို အသုံးပြု ထားပါတယ်။ Photo , Video Editing တို့ကိုလည်း ပြုလုပ်နိုင်မှာဖြစ်ပြီး Wi-Fi Network နှင့်ချိတ်ဆက်ကာ Video Game များကိုလည်း ဆော့ကစားနိုင်မည် ဖြစ်သည်။

ဒီဇိုင်း – ဒီဇိုင်းပိုင်းမှာတော့ ထူးခြားတဲ့ ပုံစံမျိုးမရှိဘဲ သာမန် Tablet တစ်မျိုးကဲ့သို့ သွင်ပြင်ရှိမှာဖြစ်ပါတယ်။ ကိုယ်ထည်ကို ပလတ်စတစ် ကိုယ်ထည်နဲ့သာ ပြုလုပ်ထားတာကို တွေ့မြင်ရမှာဖြစ်ပြီး၊ အနည်းငယ် ပါးလွှာက သပ်ရပ်တဲ့ ဒီဇိုင်းပုံစံဖြင့် ပြုလုပ်ထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Ref : CNET