Zombie Derby (Windows Phone)

Zombie.jpg

Zombie များကို ကားတစ်စင်းဖြင့် လိုက်လံသတ်ဖြတ်ရမည့် ဂိမ်းဖြစ်သည့် Zombie Derby ဂိမ်းသည် Windows Phone အသုံးပြုသူများအကြိုက်တွေ့သည့် Game App တစ်မျိုးဖြစ်သည်။ အဆိုပါ ဂိမ်းတွင် ကစားသူသည် Zombie များကို ကားဖြင့် သတ်နိုင်သလောက် လိုက်လံသတ်ဖြတ်ပြီး အဝေးဆုံးရောက်ရှိအောင် သွားနိုင်ရမည် ဖြစ်သည်။

3D Graphic ကို အသုံးပြုပေးထားပြီး ၊ Market Place တွင် Download ပြုလုပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။ Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 36MB ခန့်ရှိမည်ဖြစ်ပြီး၊ Windows Phone Version 8 နှင့် 8.1 တို့တွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။