First Person Shooter ဂိမ်းသစ် Battlefield Hardline

BattlefieldHardlineBoxArt-.jpg

Electronic Arts နှင့် Dead Space ဂိမ်း၊ Army of Two ဂိမ်း များကို ရေးဆွဲခဲ့သော Visceral Games တို့မှ ဖြန့်ချိသည့် Battlefield Hardline ဂိမ်းသစ်ကို PC, PS3, PS4, Xbox360 နှင့် Xbox One ဂိမ်းစက် များတွင် ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။ EA ၏ Battlefield Hardline ဂိမ်းသစ်မှာ ယခင်ဂိမ်းများကဲ့သို့ တိုက်ပွဲအကြီးစားများနှင့် နိုင်ငံတကာ စစ်မြေပြင်များအတွင်း ကစားရသည့် ပုံစံမဟုတ်ဘဲ ရဲများ၊ ထောက်
လှမ်းရေး သမားများဘက် မှ (သို့) မူးယစ်ဂိုဏ်းများ၊ ဖောက်ခွဲရေးသမားများဘက်မှ တိုက်ခိုက်ရမည့်ဂိမ်း ဖြစ်သည်။ ဇာတ်လမ်းအသားပေး Single player Campaign ပါဝင်သည့် Battlefield Hardline နှင့်အ တူ နောက်ဆုံးထွက် ဂိမ်းသစ်များကို GAME HIVE ဖုန်း – ၀၉၇၃၁၁၈၅၅၀ နှင့် ၀၉၄၅၀၀၄၁၅၀၀ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။