Samsung Galaxy Tab 3 V Tablet

Samsung-GALAXY-Tab3V-.jpg

Samsung မှ အသစ်ထုတ်လုပ်လိုက်သော Galaxy Tab 3 V  Tablet ဝင်ရောက်လာသည်။ WiFi ကွန်ရက်ချိတ်ဆက်အသုံးပြုနိုင်သည့်အပြင် ဖုန်းပြောဆိုခြင်းကိုပါ ပြုလုပ်နိုင်မည် ဖြစ်သည်။ 3G ဖြစ်သည့်အတွက် Ooredoo ဆင်းမ်ကတ်များကိုပါ ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ Tablet မှာ စကရင်အရွယ်အစား ၇ လက်မရှိပြီး Resolution WSVGA 1024 × 600 ဖြစ်သည့်အတွက် ဗီဒီယိုကြည့်ခြင်းနှင့် ဂိမ်း ကစားခြင်းများတွင် ကောင်းမွန်သော ရုပ်ထွက်ဖြင့် ခံစားနိုင်မည်ဟု သိရသည်။  Internal Storage Memory 8GB, RAM 1GB, Quad 1.3Ghz CPU  ဖြစ်သည့်အတွက် ဂိမ်းကစားခြင်းနှင့် App များကို လျင်မြန် စွာဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Android v.4.4 OS ထည့်သွင်း အသုံးပြုထားသည်။  2MP ရှိသော ကင်မရာများ ပါဝင်သည်။ Internal Memory မလုံလောက်ပါက SD ကတ်ဖြင့် 32 GB  အထိ ထပ်တိုး အသုံးပြုနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ၁၄၅,၀၀၀ ကျပ်ဖြစ်ပြီး Technoland  ဖုန်း – ၀၉-၇၃၀၂၄၃၂၇ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။