Myanmar Multi Stakeholder နှင့် ပတ်သက်၍ ဆွေးနွေးပွဲ ကျင်းပမည်

Update-News_5.jpg

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ပထမအကြိမ် A4AI – Myanmar Multi Stakeholder Forum ကို ကျင်းပသွားမည်ဟု သိရသည်။

အဆိုပါ Forum ကို World Wide Web Foundation နှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့က ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲကို ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အစိုးရဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ Telecom Industry မှ တာဝန်ရှိ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ A4AI မှ အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြမည်ဟု သိရသည်။

A4AI ဆိုသည်မှာ Alliance for Affordable Internet ကို ဆိုလိုခြင်းဖြစ်ပြီး အထက်ပါဆွေးနွေးပွဲကို မတ်လ ၂၆ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဟု သိရသည်။