Dynasty ၏ တန်ဆောင်တိုင် အထူးအစီအစဉ် ပြုလုပ်မည်

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းမှတ်တိုင်တွင် ဖွင့်လှစ်ထားသော Dynasty သင်တန်း၌ ယခုလ အထူးပရိုမိုးရှင်း အနေဖြင့် နိုဝင်ဘာလ ၁ ရက်မှ ၁၅ ရက် အထိ Hardware Engineer တစ်ဦး အနေဖြင့် Computer Field တွင် ရပ်တည်လိုသူများ အတွက် Pratical A+ Course ကို Dynas-ty သင်တန်းမှ ငွေကျပ် ၁၅,၀၀၀ ကျပ်ဖြင့် ပညာဒါန သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကွန်ပျူတာတစ်ခုလုံးကို ပြန်လည် ပြုပြင်တပ်ဆင်ခြင်း၊ Window XP, 7, 8 တင်ခြင်း၊ Driver Backup ပြုလုပ်ခြင်း၊ Virus သတ်ခြင်း၊ cmd ဖြင့် Autorun File များသတ်ခြင်း၊ Software Install လုပ်ခြင်း၊ ဂိမ်း နှင့် အခြားသင်ခန်းစာများကို သီအိုရီနှင့် လက်တွေ့ ၂ မျိုးစလုံးဖြင့် လက်တွေ့လုပ်ငန်းခွင် ဝင်နိုင် သည်အထိ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ ရုံးချိန်လွတ် သင်တန်းများနှင့် တနင်္ဂနွေ တစ်ရက်သာ သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး  တန်းခွဲတစ်ခုလျှင် ၆ ဦး သတ်မှတ်ထားသည်။ ၎င်း အပြင် Course တစ်ခု တက်ရောက်သူတိုင်း အခြား Course တစ်ခုကို ၅,၀၀၀  ကျပ်ဖြင့် တက်ရောက်နိုင်မည့် အခွင့်အရေးကို နိုဝင်ဘာလ ၁၅ ရက်အထိ ရရှိမည် ဖြစ်ကြောင်း သိရသည်။

အသေးစိတ် သိရှိလိုပါက အ မှတ် ၂၂၇၊ ဒုတိယထပ်၊ ကျောက် မြောင်းမှတ်တိုင်၊ တာမွေ၊ ဖုန်း- ၀၉-၄၂၁၁၀၉၇၇၈ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်သည်။