iDevice များဖြင့် ဓာတ်ပုံ၊ ဗီဒီယို တည်းဖြတ်မှုများ ပြုလုပ်ခြင်း

User-Guide4.jpg

ပြီးခဲ့တဲ့ တစ်ပတ်မှာတော့ Android Device တွေပေါ်ကနေ ဗီဒီယိုတွေကို တည်းဖြတ်နိုင်မယ့် နည်းလမ်းကို ဖော်ပြခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ iDevice တွေနဲ့ ဗီဒီယို တည်းဖြတ်နိုင်မယ့် နည်းလမ်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒါဟာ ဗီဒီယိုတွေကို ကွန်ပျူတာမလိုပဲ အလွယ်တကူ တည်းဖြတ်နိုင်တဲ့ နည်းလမ်းပါ။ အသုံးပြုမယ့် ဆော့ဖ်ဝဲကတော့ iMovie လို့ခေါ်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ အသုံးပြုဖို့ လွယ်ကူတဲ့အပြင် သုံးဖို့အတွက် လည်းစနစ်တွေ ပြည့်ပြည့်စုံစုံ ပါဝင်နေတာကို မြင်တွေ့ရမှာပါ။ ဆော့ဖ်ဝဲကိုတော့ iTune ကနေ ဝယ်ယူအသုံးပြု ရမှာဖြစ်ပါတယ်။ App ရဲ့ Icon ကတော့ ခုလိုပုံစံမျိုးပါ။

App ကိုဖွင့်လိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ရမှာပါ။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာရှိနေတဲ့ အပေါင်းလက္ခဏာ သင်္ကေတကို နှိပ်လိုက်ရင်တော့ Movie နဲ့ Trailer ဆိုတာကို မြင်ရပါ လိမ့်မယ်။

Movie ကတော့ ဗီဒီယို တည်းဖြတ်ခြင်း တွေပြုလုပ်ဖို့ ဆက်သွားနိုင်မှာ ဖြစ်ပြီး Trailer ကတော့ နမူနာ ပုံစံတွေကို ပြသထားတဲ့ နေရာဖြစ်ပါတယ်။ Movie ကို ရွေးချယ်လိုက်ရင် ခုလိုမြင်ရ ပါလိမ့်မယ်။

Movie ကိုရွေးချယ်ပြီး Create Movie ကိုနှိပ်လိုက်ရင်တော့ တည်းဖြတ်ခြင်း ပြုလုပ်မယ့် ဗီဒီယိုဖိုင်ကို ရွေးချယ်နိုင်မယ့် နေရာကို ရောက်ပါလိမ့်မယ်။ မြင်တွေ့ရတဲ့ မြင်ကွင်းမှာ to insert media ဆိုတဲ့နေရာကို နှိပ်လိုက်ပြီး ကိုယ်တည်းဖြတ်မယ့် ဗီဒီယိုဖိုင်ကို ရွေးချယ်နိုင်ပါတယ်။ ဗီဒီယိုဖိုင်ကို ရွေးချယ်ထည့်သွင်း လိုက်ရင်တော့ ခုလိုမျိုး မြင်ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာ အကွက်သုံးခု ရှိပါတယ်။ အပေါ်ဆုံးက အကွက်အကျယ်ကြီးကိုတော့ Project Monitor လို့ ခေါ်ပါတယ်။ ဒီနေရာမှာ ကိုယ် Edit လုပ်လိုက်တဲ့ ဗီဒီယိုဖိုင်ရဲ့ ပုံစံကို ပြသပေးနေမှာဖြစ်ပြီး အောက်ဘက်က အကွက် နှစ်ကွက်ကတော့ Edit ပြုလုပ်ရမယ့် နေရာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဗီဒီယိုဖိုင်ကို အလယ်မှာ ရှိနေတဲ့ Play သင်္ကေတ ကိုနှိပ်ပြီး ဖွင့်လိုက်ပါ။ ဗီဒီယိုဖိုင်က သွားနေတဲ့ အချိန်မှာ ကိုယ်မလိုချင်တဲ့ အခန်းနဲ့ ကိုယ်မလိုချင်တဲ့ နေရာတွေ ရောက်ရှိတဲ့အခါမှာ အောက်ဘက်က အကွက်ထဲမှာ ရှိနေတဲ့ ကိုယ့်ရဲ့ ဗီဒီယိုဖိုင်ကို လက်နဲ့ထောက် လိုက်ပါ။ အဝါရောင် ဘောင်လေး ပေါ်လာပါလိမ့်မယ်။ ပြီးရင်တော့ အလည်မှာရှိနေတဲ့ ဒေါင်လိုက်မျဉ်းကြောင်းပေါ်မှာ ကိုယ်ဖြတ်ချင်တဲ့ အခန်းတွေကို သတ်မှတ်ပြီး အောက်ဘက်က Split ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် ဗီဒီယို တစ်ဆက်တည်းကနေ အပိုင်းတစ်ပိုင်းချင်းစီ ထွက်လာ ပါလိမ့်မယ်။

ကိုယ်မလိုချင်တဲ့ အပိုင်းကို လက်နဲ့ထောက် လိုက်ရင်တော့ အဝါရောင် ဘောင်လေး ပေါ်လာမှာ ဖြစ်ပြီး အောက်ဘက် ဘားတန်းထဲက အမှိုက်ပုံးပုံစံ သင်္ကေတ လေးကိုနှိပ်ပြီး ဖျက်နိုင်ပါတယ်။ မလိုချင်တဲ့ အစိတ်အပိုင်းတွေကို ဖြတ်တောက်ပြီးချိန်မှာ ဗီဒီယိုဖိုင်တွေဟာ အကန့်လိုက်အပြတ် အပြတ်လေးတွေ ဖြစ်နေပါလိမ့်မယ်။ အဲဒီလို အကန့်လိုက် အပြတ်လေးတွေတစ်ခုချင်းစီကိုလည်း ကိုယ်လိုချင်တဲ့နေရာ အခန်းတွေ ဆီ ရှေ့ကနေ နောက်၊ နောက်ကနေ ရှေ့၊ အလယ် အစရှိသဖြင့် အခန်းအလိုက် လက်နဲ့ ထောက်ပြီး ရွှေ့ပြောင်းနိုင်ပါတယ်။ အခန်းလေးတွေ တစ်ခုနဲ့ တစ်ခုကြားမှာ အပြတ်လေးတွေ ဖြစ်နေတဲ့ နေရာကို နှိပ်လိုက်ရင်တော့ ခုလိုမြင်ရ ပါလိမ့်မယ်။

ဒီနေရာမှာ ကိုယ်က အခန်းတစ်ခုနဲ့ တစ်ခုကို ဘယ်လိုပုံစံမျိုး ဆက်သွားစေချင် သလဲဆိုတာကို ရွေးချယ်အသုံးပြု နိုင်ပါတယ်။