2015 Mobile World Congress မှ စိတ်ဝင်စားဖွယ် အကောင်းဆုံး နည်းပညာများ

20140827-Broadcom-Wiced-Sense-Kit-002.jpg

ဆန်းသစ် တီထွင်မှုတွေကို မြင်တွေ့ကြရတဲ့အခါ၊ တစ်ဆင့်တက်ပြီး ပိုမိုဆန်းသစ်တဲ့ တီထွင်မှုတွေကို စိတ်ကူးရကာ ထပ်ဆင့်ဆန်း သစ်မှုတွေ ဖြစ်ပေါ်လာစေတယ်။  မကြာသေးခင်က ကျင်းပပြီးစီးသွားတဲ့ ၂၀၁၅ ခုနှစ် ကမ္ဘာ့မိုဘိုင်း ညီလာခံကြီးကို တက်ရောက်သူတိုင်း ဆွဲဆောင်မှု ပေးနိုင်တဲ့ ထုတ်ကုန်သစ်တွေ မြင်တွေ့ခဲ့ကြရတယ်။ ပြပွဲကြီးမှာ တင်ပြသွားတဲ့ ထုတ်ကုန်သစ်တွေကို ကြည့်ရင်းနောင်နှစ် အနည်းငယ်အတွင်း မိုဘိုင်း ကွန်ပျူတာ စနစ်တွေအတွက် ကြီးကြီးမားမား ရိုက်ခက်သွားနိုင်မယ့် စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံး နည်းပညာများကို မြင်ယောင်မိလိုက် ကြရတယ်။

Facebook ရဲ့ Oculus Technology နဲ့အတူ ပါဝါမြှင့်တင် ခွင့်ရခဲ့တဲ့ Samsung Gear VR ကိုမြင်တွေ့ရ ခြင်းအားဖြင့် VR (Virtual Reality) နည်းပညာအပေါ် ပိုမိုစိတ်ဝင်စားမှု ဖြစ်ပေါ်လာစေတယ်။ အရင်က Galaxy Note 4  နဲ့ ပတ်သက်ပြီး မြင်တွေ့ ခဲ့ကြရတာထက် Galaxy S6 နဲ့ Galaxy  S6 Edge တို့မှာ အရည်အသွေး ပိုကောင်းလာတယ်။ Note 4 မှာ တစ်လက်မ အတွက် 515 pixels သာ ရရှိခဲ့ပေမယ့် S6 တွေမှာ 577 pixel အထိ ရှိသွားတယ်။ HTC ကလည်း VR အတွက် ခြေလှမ်းတစ်လှမ်း တိုးလာပြန်တယ်။ ပီစီကွန်ပျူတာ တွေအတွက် Vive headset ကိုကြိုးစား ထုတ်လုပ်ယူတယ်။

စီအီးအက်စ် ပြပွဲကြီး ကျင်းပစဉ်ကတည်းက ဒီနှစ်မှာ IoTs (Internet of Things) တွေပိုပြီး အပြိုင်အဆိုင် ကြိုးစားလုပ်ကိုင် လာတာကို တွေ့ကြရမှာ ဖြစ်တယ်။ Sensors တွေ၊ intelligence တွေ၊ connectivity တွေအတွက် လှုပ်ရှားဆောင်ရွက်မှုတွေ အများအပြားရှိခဲ့တယ်။ အထူးသဖြင့် smart sensors နည်းပညာအသုံးချမှု အင်အားတွေက အရင်နှစ်တွေကထက် ပိုများလာတယ်။ ဥပမာ အနေနဲ့ Broadcom နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတာကို ပြောနိုင်ပါ လိမ့်မယ်။ အလွန်တရာသေးငယ် လှတဲ့ကိရိယာ လေးတစ်ခုက bluetooth ကတစ်ဆင့် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လေထုဖိအားတို့၊ အပူချိန်တို့၊ စိုထိုင်းမှု ပမာဏတို့ကို ပြပေးနိုင်တယ်။

Finger Print နည်းပညာနဲ့ Zeroth Platform အတွက် ပြသသွားတဲ့ Qualcomm ရဲ့ ပြကွက်တွေကလည်း စိတ်ဝင်စားစရာ ကောင်းလှတယ်။ Machine learning သဘာဝနဲ့ neural networks အခြေအနေတွေကို မိုဘိုင်း ပရိုဆက်ဆာ တွေထဲကို ထည့်သွင်း ပါရှိစေမယ့် ပုံစံဖြစ်တယ်။ အလိုအလျောက် scene detection နဲ့ face recognition တို့ကို ကင်မရာ အသုံးချ ပရိုဂရမ်တွေ ထည့်သွင်းပုံနဲ့ OCR တို့ကို သရုပ်ပြသွားခဲ့တယ်။ Multiple LTE နဲ့ WiFi ဆက်သွယ်မှု စနစ်တွေကို ပိုမိုကိုင်တွယ် ဖြေရှင်းနိုင် စေပါလိမ့်မယ်။ နှစ်ဝက်ကာလအတွင်းမှာ ultrasonic sound waves  တွေကို အသုံးချစေတဲ့ fingerprint နည်းပညာပါတဲ့ ကိရိယာတွေ ထုတ်လုပ်မယ်လို့ Qualcomm က ပြောကြားခဲ့တယ်။ Snapdragon Sense ID 3D fingerprint  နည်းပညာလို့ ခေါ်ထွင်စေတယ်။

SK Telecom ရဲ့ Quantum Cryptography System ကို မြင်တွေ့ ကြရသူတိုင်းကလည်း စိတ်ဝင်စားမိကြတယ်။ သမရိုးကျ အသုံးပြုနေကြတဲ့ AES encryption နဲ့အလားတူ systems တွေက သီအိုရီအရ မလိုလားအပ်တဲ့ ထိုးနှက်ချက်တွေနဲ့ အတိုက်အခံရဖို့ ပျော့ကွက်ရှိတယ်။ Quantum cryptography  စနစ်ရဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက် နိုင်မှုများကို သရုပ်ပြ ပြောဆိုခဲ့ကြတာ ဖြစ်တယ်။

LRT (Laser Radio Technology) နဲ့ ပတ်သက်ပြီး Aoptix ဆိုတဲ့ backland solution ကို စိတ်ဝင်တစား ကြည့်ရှုခွင့်ရကြ တယ်။  ၈ ကီလိုမီတာ အကွာအဝေးအထိ 2 Gbps နဲ့ ချိတ်ဆက်လွှဲ ပြောင်းပေးနိုင်တဲ့ redundant connection တစ်ခုကို ခွင့်ပြုပေးစေဖို့ infrared frequencies တွေကို အသုံးပြုထားတဲ့ 3 phase optics solution နဲ့အတူ မီလီမီတာ wave  RF တို့ကို ပေါင်းထားတဲ့ Intellimax system လို့နားလည် နိုင်ပါတယ်။ အနာဂတ် service provider တွေအတွက် အားရစရာ ကောင်းတဲ့နည်းပညာ အသုံးချမှု ဖြစ်ပါတယ်။

ပမာဏကြီးမားတဲ့ မိုဘိုင်းသို မှီး ကိရိယာအဖြစ် SanDisk က MWC 2015 မှာ ပြသသွားတယ်။ အလွန်စိတ်ဝင်စားစရာ ဖြစ်စေတဲ့ flash storage solution လို့ ဆိုရပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်က 128 GB ပမာဏလောက်ကို အမြင့်မားဆုံးအဖြစ် နားလည်ခဲ့ကြရတယ်။ အခုအခါ 200 GB Micro SD card အထိ သုံးခွင့်ရတော့မှာ ဖြစ်တယ်။ HD အရည်အသွေးပြည့် ဗီဒီယိုကို နာရီပေါင်း ၁၀၀၀၀ စာသိုမှီးခွင့် အထပ်ထပ်အခါခါ ပြန်ရေးခွင့်ရသွား စေပါလိမ့်မယ်။

120 Hz Mobile displays တွေနဲ့ အရည်အသွေးသစ်ကို Media Tek က ပြသခဲ့တယ်။  ဒီနေ့အသုံးပြု နေကြတဲ့ စမတ်ဖုန်းတွေရဲ့ Display များမှာ 60Hz သာရှိပါတယ်။ တီဗွီတွေ အတွက်လည်း အလွန်မြင့်မားတဲ့ refresh rate အမျိုးမျိုးနဲ့ ထုတ်လုပ်နိုင်လိမ့်မယ်။ ရုပ်သေ ကြည့်ရှုမှုထက် လှုပ်ရှားရုပ်ပုံများကို ကြည့်ရှုကြတဲ့အခါ ပိုမိုကြည်လင် ပြတ်သားစွာနဲ့ ကြည့် ရှုခွင့်ရစေမှာ ဖြစ်တယ်။

မိုဘိုင်းခေတ်မှာ အဓိက အရေးကြီးဆုံးက ဘက်ထရီပါဝါကို အလွယ်တကူ ဖြည့်ဆည်း နိုင်ဖို့အတွက် ဖြစ်တယ်။ ကိရိယာတွေ အများအပြား သုံးစွဲတဲ့ အိမ်မှာ နံရံပေါ်က လျှပ်စစ်ဓာတ်အားလိုင်းနဲ့ ဆက်သွယ်ပြီး အားသွင်းနေကြ မယ်ဆိုရင် ကြိုးလိုင်းတွေ အများအပြား ရှုပ်ထွေးနေစေမှာ ဖြစ်သလို စိတ်အနှောင့်အယှက် ဖြစ်စရာလည်း ရှိတယ်။ ဒီအတွက် ယခုအခါ Wireless Charging စနစ်တွေကို အားကိုးအားထား ပြုလာကြရတယ်။ Samsung ကုမ္ပဏီ အနေနဲ့ ဒီစနစ်ကို အသုံးချနိုင်စေဖို့ အာမခံချက်တွေ အများကြီးပေးခဲ့တယ်။ Wireless Power Consortium ရဲ့ Qi Standard နဲ့ Alliance ရဲ့ Rezance standard အတွက် Samsung က အထူးအာမခံချက် ပြုပေးနိုင်ကြောင်း ပြပွဲကြီးမှာ ပြသခဲ့တာကို စိတ်ဝင်တစား ဖြစ်ကြရတယ်။ တစ်ချိန်တည်းမှာ Sunpower ကုမ္ပဏီက Solar charging စနစ်နဲ့ ပတ်သက်ပြီး kyocera ထုတ် တယ်လီဖုန်းရဲ့ Wysips Crystal display နဲ့အတူ ပြသသွားတာကလည်း စိတ်ဝင်စားစရာ ဖြစ်စေပါတယ်။ မကြာမီ နှစ်များအတွင်း နေရောင်ခြည်နဲ့ အားသွင်းနိုင်တဲ့ တယ်လီဖုန်း အမြောက်အမြား ထုတ်လုပ်လာ စရာအကြောင်း ရှိနေပါတယ်။

Inmarsat ကတော့ Isat Hub mobile satellite service နဲ့ ပတ်သက်ပြီး ပြသခဲ့တယ်။ ကမ္ဘာပတ် လမ်းကြောင်းမှာ ဂြိုဟ်တုသုံးခုကို အသုံးပြုပြီး ကမ္ဘာတစ်လွှား ဘယ်နေရာ ဘယ်ဒေသကမဆို အင်တာနက် ချိတ်ဆက်မှုကို အသုံးပြု ခွင့်ရစေမယ်လို့ ညွှန်းဆိုထားတယ်။ Addvalue Technologies ကုမ္ပဏီက ထုတ်လုပ်တဲ့  Satellite Receiver  Wideye iSavi Terminal ကို အသုံးချစေမှာ ဖြစ်တယ်။ Data လက်ခံရရှိနိုင်မှု နှုန်းထားက 384 Kbps ရှိပြီး ပို့လွှတ်နိုင်တဲ့ နှုန်းထား က 240 kbps ရနိုင်မယ်။ ဒီ terminal ကို WiFi စနစ်ကတစ်ဆင့် အသုံးချ ယူစေလိမ့်မယ်။  MWC-2015 မှာ  မြင်တွေ့ရတဲ့ ပစ္စည်းကိရိယာ တွေဆိုတာထက် နောက်ခံ နည်းပညာတွေက ပိုမိုစိတ်ဝင်စားစရာ ဖြစ်စေပါကြောင်း တင်ပြလိုက် ရပါတယ်။