Web Browser များ အသုံးပြုပြီးပါက အလိုအလျောက် Clear Data ပြုလုပ်ခြင်း

quitclear-checkmark.jpg

အင်တာနက် သုံးစွဲနေသူတွေ အနေနဲ့ Browser များကို သုံးစွဲပြီးတဲ့ အခါမှာ Cache တွေ Cookie တွေကို ပြန်မဖျက်ခဲ့ကြတဲ့အတွက် အခြားသူတွေ အလွယ်တကူနဲ့ ဝင်ရောက်ပြီး ကိုယ်ဘာလုပ်ခဲ့တယ် ဆိုတာတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်  ကိုယ်အသုံးပြုခဲ့တဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ကိုယ်ပြုလုပ် ခဲ့တာတွေကို အခြားသူတွေ ဝင်ရောက် မရှာဖွေနိုင်ဖို့အတွက် Data တွေကို Clear ပြုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ Web Browser တွေမှာ Clear Data ပြုလုပ်ဖို့အတွက် အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Chrome Browser ကို အသုံးပြုသူတွေ အနေနဲ့  Click& Clean ဆိုတဲ့ Extension ကို ထည့်သွင်းထား လိုက်တာနဲ့ အလွယ်တကူနဲ့ အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Click & Clean ကို http://goo.gl/z0lQgrဆိုတဲ့ ဝက်ဘ်ဆိုက် လိပ်စာမှာ Chrome Browser ကနေတစ်ဆင့် သွားရောက်ပြီး ရယူထည့်သွင်း နိုင်မှာ ဖြစ်ပါတယ်။

ထည့်သွင်း ပြီးသွားပြီဆိုရင် Chrome Browser  ရဲ့  ညာဘက်ထောင့် အပေါ်နားလေးမှာ Click & Clean Logo ကို တွေ့မြင်ရမှာဖြစ်ပြီး၊ မိမိဖယ်ရှားချင်တဲ့ အပိုင်းတွေကို ကလစ်နှိပ်ရုံနှင့် အလွယ်တကူ ရှင်းလင်းပေးသွားမှာ ဖြစ်ပါတယ်။  အဆိုပါ Click & Clean Extension မှာ Web Browser အတွင်း ရှင်းလင်းနိုင်တဲ့ အရာများစွာကို တစ်ခုချင်းစီ ဖော်ပြပေး ထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Mozilla Firefox အသုံးပြုသူတွေ အနေနဲ့ကတော့ Firefox Browser ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် Tools Menu အောက်က Options ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ အကယ်၍  Linux နဲ့ Mac  သုံးစွဲသူများ ဆိုရင်တော့ Preferences ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Option Box ထဲကို ရောက်သွားမှာ ဖြစ်ပါတယ်။

Option Box ထဲကို ရောက်ပြီဆိုရင် Privacy ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Privacy ကို ရွေးချယ်ပြီးသွားရင် History နေရာမှာ Use custom settings for history ဆိုတာကို ရွေးချယ်ပေး ထားရမှာဖြစ်ပြီး အဆိုပါ Use custom settings for history ဆိုတာကို ရွေးချယ်ပေးလိုက်ရင် History နဲ့  ပတ်သက်တဲ့ Box တစ်ခုကျလာမှာ ဖြစ်ပါတယ်။  အဲဒီထဲက Download history, Search history, Cookie အစရှိတာတွေမှာ အမှန်ခြစ်တွေ ထည့်သွင်းပြီး Ok Button ကိုနှိပ်ကာ ပြန်ထွက်လိုက်ရင် Firefox Browser မှာလည်း Settings ကို ထည့်သွင်း ပြင်ဆင်ပြီးပြီ ဖြစ်ပါတယ်။