Vine iOS တွင် offline ဖြစ်နေစဉ် ဗွီဒီယိုများကို preload ပြုလုပ်နိုင်

lenovo-p90-ces-2015-009.jpg

ဗွီဒီယိုများကို ဝေမျှနိုင်သည့် Vine ဝန်ဆောင်မှုသည် iOS အတွက် offline တွင် ဗွီဒီယိုများကို preload ပြုလုပ်နိုင်သည့် feature ကိုထည့်သွင်း ပေးခဲ့သည်။

အဆိုပါ update တွင် Vine app ကို ပိတ်ထားစဉ်အတွင်း ဗွီဒီယိုများကို download ပြုလုပ်နိုင်သည့် feature လည်းပါဝင်လာမည် ဖြစ်သည်။ ထို့ကြောင့် သုံးစွဲသူများ အနေဖြင့် အင်တာနက် ချိတ်ဆက်မှု မရှိသည့်အခါ app အားဖွင့်၍ ဗွီဒီယိုများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ သုံးစွဲသူများ Vine ၏ explore တွင် ဗွီဒီယိုများကို သုံးစွဲသူ၏ main feed မှ preload ပြုလုပ်နိုင်မည် ဖြစ်သည်။ ၎င်း feature ကို အသုံးပြုခြင်းဖြင့် သုံးစွဲသူ၏ data ကို ပိုမိုသုံးစွဲ ရမည်ဖြစ်သည်။

ထို့အပြင် Vine ၏ update တွင် အင်တာနက် ချိတ်ဆက်မှု နှေးကွေးသည့် အခါတွင် သုံးစွဲသူများ အနေဖြင့် ဖိုင်အရွယ်အစား သေးငယ်သည့် ဗွီဒီယိုများကိုလည်း upload ပြုလုပ်နိုင်မည် ဖြစ်သည်။

Ref: TheVerge