iPhone နှင့် iPad များအတွက် Office App များကို Microsoft အခမဲ့ဖြန့်ချိ

Microsoft သည် iPhone နှင့် iPad များအတွက် အခမဲ့အ ဆင့်မြှင့်တင်နိုင်သော Office software ဗားရှင်းများကို ဖြန့်ချိပေးနေပြီး ကုမ္ပဏီသစ်များ အနေဖြင့် အွန်လိုင်းတွင် အောင်မြင်မှုများ ရရှိရန်ကူညီသည့် အနေဖြင့် ကုမ္ပဏီက freemium ဟုခေါ်ဆိုသည့် ဗျူဟာကို ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Microsoft ၏ office software သည် အခကြေးငွေဖြင့် ရောင်းချရန်အတွက် ထုတ်လုပ်ထားသည့် ထုတ်ကုန်တစ်ခု ဖြစ်သည်။ သို့သော်လည်း ကုမ္ပဏီအနေဖြင့် မိုဘိုင်းလောက အတွင်းရှိ လုပ်ငန်း လုပ်ကိုင်သူများနှင့် သုံးစွဲသူများအတွက် အခမဲ့ဖြန့်ချိ ပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် Microsoft အနေဖြင့် Google, Apple နှင့် အခြား ကုမ္ပဏီများဖြင့် ယှဉ်ပြိုင်နိုင်ရန် အတွက်လည်း စမတ်ဖုန်းနှင့် tablet များတွင် နာမည်ကျော် Office ထုတ်ကုန် ဗားရှင်းများစွာ အခမဲ့ဖြန့်ချိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Microsoft သည် ၎င်း၏ထုတ်ကုန်ကို မိုဘိုင်းထုတ်ကုန် များအားလုံးတွင် လူများစွာ သုံးစွဲနေရန် မျှော်လင့်နေသည့် အပြင် Office feature အပြည့်အစုံ ဗားရှင်းများကို အခကြေးငွေဖြင့် ပေးချေအသုံးပြုသူ တိုးတက်လာရန်လည်း ကြိုးစားနေသည်။

နည်းပညာ ကုမ္ပဏီများစွာသည် လူတိုင်းအားထား ရသည့်ထုတ်ကုန် များကိုထုတ်လုပ် ချင်ကြောင်း၊ ထို့ကြောင့် Microsoft သည် ၎င်းတို့ကုမ္ပဏီ များထဲမှတစ်ခု ဖြစ်ကြောင်း ပြသလိုသည့် အနေဖြင့် ယခုကဲ့သို့ Office software ကိုအခမဲ့ ဖြန့်ချိခဲ့ခြင်း ဖြစ်ကြောင်း လိုပက်ဇ်သုတေသန ကုမ္ပဏီရှိ မိုဘိုင်းနည်းပညာ ဆန်းစစ်သူ မာရီဘဲလိုပက်ဇ်က ပြောကြားခဲ့သည်။

-စိုးထက်
Ref: ABCNews