QMPlay2 ကို ထည့်သွင်း အသုံးပြုခြင်း

qmplay2-1.jpg

QMPlay2 ဟာ Ubuntu OS အသုံးပြုသူ တွေအတွက် Youtube Desktop Player တစ်ခု ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲကို ထည့်သွင်း အသုံးပြုခြင်းဖြင့် Youtube မှ ဗီဒီယိုဖိုင်တွေကို Desktop  ပေါ်မှာ ထည့်သွင်း ကြည့်ရှုနိုင်မှာ ဖြစ်သလို၊ အွန်လိုင်း ရေဒီယိုကိုလည်း နားဆင်နိုင်မှာ ဖြစ်ပါတယ်။ Downloader လည်း ပါဝင်တဲ့အတွက် Media File တွေကိုလည်း Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Video File တွေကို ကြည့်ရှုတဲ့ အခါမှာလည်း Subtitle ထည့်သွင်းအသုံးပြု နိုင်ဖို့အတွက်စီစဉ် ဖန်တီးပေးထားတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS မှာ QMPlay2 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ  Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo -apt-get update ဆိုတဲ့ Command နဲ့ Package တွေ ကို  Update အရင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။

နောက်တစ်ဆင့် ကတော့ QMPlay2 ကို Install ပြုလုပ်ဖို့အတွက် Terminal မှာဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo add-apt-repository ppa:samrog131/ppa

sudo apt-get update

sudo apt-get install qmplay2

ဆိုတဲ့ Command တွေပဲ ဖြစ်ပါတယ်။

အဆိုပါ ဆော့ဖ်ဝဲမှာ Video, Audio File Filter တွေပါဝင်ပြီး၊ Youtube Desktop Player တစ်ခုအပြင် Media Player တစ်ခုအဖြစ်ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  Media File format များစွာကိုလည်း အထောက်အပံ့ ပေးနိုင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အဆိုပါ ဆောဖ့်ဝဲဟာ ယခင်က Windows, Mac တို့အတွက်သာ ထုတ်လုပ်ဖြန့်ချိ ပေးခဲ့တာဖြစ်ပြီး Linux အတွက်တော့ သိပ်မကြာသေးခင် အချိန်ကာလကမှ ထုတ်လုပ်ဖြန့်ချိ ပေးခဲ့တာ ဖြစ်ပါတယ်။