KDU မှ ပေးအပ်သော ပညာသင်ထောက်ပံ့ကြေးဆု မြန်မာကျောင်းသားနှစ်ဦးရရှိ

Sai-Min-+Zaw-Hein.gif

မလေးရှားနိုင်ငံ ပီနန်မြို့ရှိ  KDU တက္ကသိုလ်မှ ပေးအပ်သည့် ပညာသင်ထောက်ပံ့ကြေးကို မြန်မာနိုင်ငံမှကျောင်းသား မောင်စိုင်းမင်းထက်နိုင်နှင့် မောင်ဇော်ဟိန်းတို့အား ၂၀၁၅ ဇန်နဝါရီလ ကျောင်းဖွင့်ချိန် အတွက် ပေးအပ်ခဲ့ကြောင်း MSI မှ သိရသည်။

၇၀ ရာခိုင်နှုန်း ပညာသင် ထောက်ပံ့ကြေးဆုကို မောင်စိုင်း မင်းထက်နိုင်မှ ရရှိထားပြီး Diploma in Electrical & Electronic Engineering (Mechatronics) ကို KDU  ပီနန်တွင် စတင်တက်ရောက် မည်ဖြစ် သည်။ ၈၀ ရာခိုင်နှုန်း ပညာသင် ထောက်ပံ့ကြေးဆုကို မောင်ဇော်ဟိန်းမှရရှိခဲ့ပြီး Diploma in International Hotel & Tourism Management (IMI University Centre, Switzerland) ကို တက် ရောက်ရမည် ဖြစ်သည်။

ထိုပညာသင်ဆု ထောက်ပံ့ ကြေးကို MSI နိုင်ငံခြားပညာရေး ဝန်ဆောင်မှုနှင့် KDU ပီနန်တို့ ပူးပေါင်းပြီး ၂၀၁၅ ပညာသင်နှစ် တစ်နှစ်လုံးအတွက် ပေးအပ်သွားမည်ဖြစ်ပြီး ပညာသင်ဆုအတွက် အရည်အချင်းပြည့်မီ သူများအား MSI နိုင်ငံခြားပညာရေး ဝန်ဆောင်မှုမှ စီစစ်ရွေးချယ် လက်ခံလျက်ရှိ ကြောင်းသိရသည်။

ပညာသင်ဆု လျှောက်ထားလိုသော မြန်မာကျောင်းသား၊ ကျောင်းသူများသည် မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ထားသူများ၊ GCE “O” Level, IGCSE, မြန်မာအစိုးရတက္ကသိုလ် များတွင် အထက်ဖော်ပြထားသော ဘာသာရပ်များနှင့် ဆက်စပ်နေ သည့် ဘာသာရပ်များကို သင်ယူနေသော ကျောင်းသား၊ ကျောင်းသူများ၊ ပညာသင်နှစ် ၁၂ တန်းရှိသော Foundation နှင့် GCE “A” Level အောင်မြင်ပြီးစီးထား သော ကျောင်းသား၊  ကျောင်းသူမည်သူမဆို လျှောက်ထားနိုင်ကြောင်း၊ ထိုပညာသင်ဆုများကို မြန်မာကျောင်းသား၊ ကျောင်းသူများ ရရှိထားသော တက္ကသိုလ်ဝင်တန်း အမှတ်နှင့် ဂုဏ်ထူးများအပေါ်မူတည်ပြီး ပေးအပ်သွားမည် ဖြစ်ကြောင်း Myanmar Search International  ပညာရေးဝန်ဆောင်မှုမှ သိရသည်။