20MP selfie ကင်မရာနဲ့ 4,000mAh ဘက်ထရီပါဝင်တဲ့ BLU Vivo 8L

BLU ဟာ ကုမ္ပဏီရဲ့ Vivo စီးရီး စမတ်ဖုန်းတွေကို ထုတ်ကုန်သစ်တစ်ခုနဲ့ update လုပ်လိုက်ပါတယ်။ Vivo 8L လို့ခေါ်တဲ့ ဒီစမတ်ဖုန်းသစ်မှာ MediaTek MT6753 SoC နဲ့ octa-core 1.3GHz processor ပါဝင်ပါတယ်။ Display က ၅.၃ လက်မ HD display ဖြစ်ပါတယ်။

RAM က 3GB ဖြစ်ပြီး internal memory က 32GB ဖြစ်ပါတယ်။ ကျောဘက်မှာ 13MP ကင်မရာပါဝင်ပြီး အရှေ့ဘက်မှာ 20MP ကင်မရာနဲ့ flash ပါဝင်ပါတယ်။

အရွယ်အစားက 150.5 x 74.4 x 8.0mm ဖြစ်ပြီး အလေးချိန်က ၁၆၁ ဂရမ်ဖြစ်ပါတယ်။ Vivo 8L မှာ Android 7.0 Nougat ကိုအသုံးပြုထားပြီး ဘက်ထရီက 4,000mAh ဖြစ်ပါတယ်။

ဒီစမတ်ဖုန်းမှာ fingerprint sensor ပါဝင်သလို reverse charging နဲ့ OTG လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ တန်ဖိုးက ၁၄၉.၉၉ ဒေါ်လာဖြစ်ပြီး Amazon ကနေ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena