Bluetooth Speaker

Bluetooth-Speaker-.jpg

အသံပိုင်းဆိုင်ရာလိုအပ်ချက်  အနည်းဆုံးဖြစ်အောင် ထုတ်လုပ်ထားသည့်  Bluetooth Speaker များ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည်။ အရွယ်အစား သေးငယ်ပေါ့ပါးပြီး စားပွဲတင်၊ အိတ်ဆောင် စိတ်ကြိုက် အသုံးပြုနိုင်မည် ဖြစ်သည်။ လှပသော ရောင်စုံ LED မီးလုံးများ ပါဝင်သည့်အပြင် ကိုယ်ထည်ကို ကြည်လင်သည့် ပုံစံဖြင့် ထုတ်လုပ်ထားသည့်အတွက် စွဲမက်ဖွယ်ဖြစ်စေမည် ဖြစ်သည်။ အသံထွက် Watt အား 3Watt ရှိပြီး ကြည်လင်ပြတ်သားသော အသံအရည်အသွေးဖြင့် ရရှိနိုင်မည်ဟု သိရသည်။ Bluetooth စနစ်ပါဝင်သော ပစ္စည်းမျိုးစုံဖြင့် တွဲဖက်အသုံးပြုနိုင်ပြီး ဖုန်းနှင့် ချိတ်ဆက်ထားမည်ဆိုပါက ဖုန်း အဝင်ကိုပါ လက်ခံပြောဆိုနိုင်မည် ဖြစ်သည်။ Aux-in Line ပေါက် ပါဝင်သည့်အတွက် Wireless စနစ်အပြင် Cable ဖြင့်ပါ တွဲဖက်ပြီးအသုံးပြုနိုင်မည် ဖြစ်သည်။ Rechargeable battery နှင့် ဖြစ်ပြီး အားအပြည့် သွင်းထားပါက ၅ နာရီ ဆက်တိုက် အသုံးပြုနိုင်မည်ဖြစ်သည်။ TF ကတ်ထည့်ပြီး MP3 သီချင်းများကို နားထောင်နိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ကျပ် ၉,၅ဝဝ ဖြစ်ပြီး နဒီ Mobile ဖုန်း – ၀၉၅၀၁၉၆၂၉ ၌ ဆက်သွယ်ဝယ်ယူနိုင် မည် ဖြစ်သည်။