Beats နားကြပ်တစ်ခု၏ တန်ဖိုး အမေရိကန် ၁၄ ဒေါ်လာခန့်သာရှိ

10441446_10152792973287825_2677702217172100426_n.jpg

နားကြပ်ဖန်တီးသူ ဒီဇိုင်နာများက Beats နားကြပ်တစ်ခု၏ ကုန်ကျစရိတ်မှာ အမေရိကန် ၁၄ ဒေါ်လာ ခန့်သာရှိဟု ခန့်မှန်းခဲ့ကြကြောင်း New York Times သတင်းစာမှ ဖော်ပြခဲ့သည်။

Apple သည် Beats ကုမ္ပဏီအား ကန်ဒေါ်လာ ၂.၆ ဘီလီယံကို ငွေသားအပြင် ကန်ဒေါ်လာသန်း ၄၀၀ ခန့်ရှိသည့် စတော့ရှယ်ယာများဖြင့် ၂၀၁၄ ခုနှစ် မေလတွင် ဝယ်ယူခဲ့သည်။ Beats နားကြပ်များကို ကန်ဒေါ်လာ ၁၉၉.၉၉ မှ ဈေးနှုန်းအမြင့်မားဆုံး ၆၉၉.၉၉ အထိ ရောင်းချနေလျက် ရှိကြောင်း ကုမ္ပဏီဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Beats ကုမ္ပဏီကို အင်ဒရေယန်းဟု အမည်ရသည့် ဒေါက်တာဒရေနှင့် ဂျင်မီလိုဗိုင်းတို့က ၂၀၀၀ပြည့်နှစ်လည်တွင် တည်ထောင်ခဲ့ကြသည်။ Beats ကုမ္ပဏီ၏ တန်ဖိုး ၃.၂ ဘီလီယံအထိ ရောက်ရှိလာချိန်တွင် တန်ဖိုးကြီး နားကြပ်ဈေးကွက်၏ ၅၇ ရာခိုင်နှုန်းကို လွှမ်းမိုးထားကြောင်း CNN မှဖော်ပြခဲ့သည်။

ကုမ္ပဏီအနေဖြင့် ၂၀၁၄ ခုနှစ်တွင် နားကြပ် ၁.၈ ဘီလီယံရှိသော ဈေးကွက်၏ ၂၇ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထို့အပြင် TIME မဂ္ဂဇင်းက ဖော်ပြသည့် ရောင်းအားအများဆုံး ထိပ်သီး နားကြပ်အမှတ်တံဆိပ် ၁၈ ခုကို အသံပိုင်းဆိုင်ရာ စမ်းသပ်မှုတွင် Beats သည်အသံအရည်အသွေးပိုင်း၌ ဒုတိယအဆိုးရွားဆုံး နားကြပ်အဖြစ် သတ်မှတ်ခံရသည်။

Ref: DailyMail