CISO (chief information security officer)

The CISO (chief information security officer) ဆိုသည်မှာ စီနီယာအဆင့် အမှုဆောင်တစ်ဦး ဖြစ်ပြီး ၎င်းသည် အသုံးတည့်စေမည့် အချက်အလက်များနှင့် နည်းပညာများကို လုံလောက်စွာ ကာကွယ်နိုင်ရန်အတွက် လုပ်ငန်းသုံး ပရိုဂရမ်များနှင့် စီးပွားရေးလုပ်ငန်း ရည်ရွယ်ချက်များဖြင့် လုံခြုံရေး ပမာဏခြေလှမ်းအတွက် ညှိနှိုင်းဆောင်ရွက် လုပ်ကိုင်သူ ဖြစ်သည်။

CISO ၏ လုပ်ငန်းတာဝန်များတွင် အဖွဲ့အစည်း၏ လုပ်ငန်း ဆုံးရှုံးမှုများ လျော့ကျစေရန်အတွက် လုံခြုံရေးနှင့် သက်ဆိုင်သည့် လုပ်ဆောင်ချက်များကို သတ်မှတ်ခြင်း၊ တိုးတက်အောင် ဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော်ခြင်း နှင့် ထိန်းသိမ်းခြင်းတို့ ပါဝင်သည်။ အခြားလုပ်ငန်း တာဝန်များမှာ အဖွဲ့အစည်းမှ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ကြီးကြပ်ခြင်း၊ အချက်အလက် privacy ကို သေသေချာချာ ဆောင်ရွက်ခြင်း၊ ကုမ္ပဏီ၏ ကွန်ပျူတာလုံခြုံရေးထိခိုက်မှု တုံ့ပြန်ရေးအဖွဲ့ကို စီမံကွပ်ကဲခြင်း၊ အဖွဲ့အစည်း၏ လုံခြုံရေး အခြေခံအဆောက်အအုံကို ကြီးကြပ်ခြင်း၊ အခြား အဆင့်မြင့် အမှုဆောင်များနှင့် တွဲဖက်ပြီး disaster recovery (DR) နှင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်မှု အစီအစဉ်များ ချမှတ်ခြင်း တို့ဖြစ်သည်။