Watson

Watson ဆိုသည်မှာ မေးခွန်းများကို နားလည်ခြင်း၊ အဖြေများကို လေ့လာဆန်းစစ်ခြင်းတို့ကို နားလည်သိမြင်နိုင်သည့် ကွန်ပျူတာစနစ်တစ်ခု ဖြစ်သည်။ Watson ဆိုသည့် အမည်ကို IBM တည်ထောင်သူ Thomas J. Watson ၏ အမည်အတိုင်း ပေးထားခြင်းဖြစ်ဖြစ်ပြီး ၎င်းကို ၂၀၀၆ ခုနှစ်က Deep QA ဟုခေါ်သည့် သုတေသန စီမံကိန်းတစ်ခု အဖြစ် စတင်ခဲ့ခြင်း ဖြစ်သည်။

Watson စူပါကွန်ပျူတာတွင် ကွန်ပျူတာနှင့် လူသားတို့၏ ဘာသာစကားတို့အကြား အပြန်အလှန် နားလည်သိရှိနိုင်သည့် natural language processing, အချက်အလက် အများအပြားကို လေ့လာဆန်းစစ်ပေးနိုင်ခြင်းနှင့် သက်သေခံ အထောက်အထားကို အခြေခံပြီး ဆုံးဖြတ်ချက်ပြုလုပ်ပေးသည့် လုပ်ဆောင်ချက်များ ပြုလုပ်ပေးနိုင်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးနိုင်သည်။ ထို့အပြင် Watson တွင် machine-learning လုပ်ဆောင်နိုင်စွမ်းများ ပါဝင်သောကြောင့် အတွေ့အကြုံမှ တစ်ဆင့် ဗဟုသုတများ ရရှိစေနိုင်မည် ဖြစ်သည်။

Watson သည် ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဂိမ်းပြိုင်ပွဲ Jeopardy တွင် လူသားနှင့်အပြိုင် ယှဉ်ပြိုင်နိုင်ခဲ့ပြီးနောက် ပထမဦးဆုံး အောင်မြင်မှု ရရှိခဲ့သည်။ ထို့နောက်မှ စတင်ပြီး IBM သည် Watson ၏ နည်းပညာကို ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ္ဍာရေးနှင့် သုံးစွဲသူများအတွက် ဝန်ဆောင်မှု စသည့် လုပ်ငန်းအချို့တွင် အသုံးချရန် ပြောင်းလဲခဲ့သည်။

၂၀၁၂ ခုနှစ်တွင် IBM သည် Watson ကို cloud platform ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြုလုပ်ခဲ့သည်။ ထို့အပြင် မည်သည့်လုပ်ငန်းအတွက် မဆို ထောက်ပံ့ပေးသည့် application များ အနေဖြင့် IBM နှင့် တွဲဖက် ဆောင်ရွက်နိုင်ရန်နှင့် Watson က ထောက်ပံ့ပေးထားသည့် software app များ ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ရန် ထောက်ပံ့ပေးသွားမည်ဟု ကြေညာခဲ့သည်။