Android Wear ကို iPhone အတွက် အထောက်အပံ့ပေးရန် Google လုပ်ဆောင်နေ

1559635_10152791042167825_2846533256595107111_n.jpg

Google အနေဖြင့် iPhone အတွက် Android Wear ကို အထောက်အပံ့ပေးရန် လုပ်ဆောင်နေကြောင်း မကြာသေးမီက ကောလာဟလ သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ကုမ္ပဏီမှ တရားဝင် ပြောကြားမှုများ မပြုလုပ်ခဲ့ပေ။ သို့သော်လည်း အဆိုပါ firmware တွင် ပါဝင်သည့် code များအရ iOS နှင့် တွဲဖက်အသုံးပြုနိုင်မည့် Android Wear ထုတ်ကုန်ကို Google မှ လုပ်ဆောင်နေသည်ဟု သက်သေပြသပင်ခြင်း ဖြစ်ကြောင်း သက်သေအထောက်အား ရှာဖွေတွေ့ရှိခဲ့သူ developer တစ်ဦးက ပြောကြားလိုက်သည်။

iOS အတွက် အထောက်အပံ့ သက်သေများ ရှာဖွေတွေ့ရှိခဲ့သူမှာ မိုဟာမက် အဘူဂါဘရီယာဟုခေါ်သည့် developer ဖြစ်ပြီး ၎င်းသည် Moto 360 ကဲ့သို့သော ထုတ်ကုန်များကို hack ကာ iPhone မှ ဖုန်းခေါ်ဆိုခြင်းနှင့် notification များ လက်ခံခြင်းတို့ကို ပြုလုပ်ခဲ့သူ ဖြစ်သည်။

၎င်းက “AndroidWear 4.4W firmware မှာ iOS နဲ့ ဆက်နွှယ်တဲ့ code တွေ ပါဝင်ပါတယ်။ ဒါဟာ Google က iPhone အတွက် အထောက်အပံ့ပေးဖို့ လုပ်နေတယ်ဆိုတာကို သက်သေပြတာပါပဲ” ဟု အဘူဂါဘရီယာက Twitter ပေါ်တွင် ပြောကြားခဲ့သည်။

အကယ်၍ iPhone သုံးစွဲသူများ အနေဖြင့် Android Wear စမတ်နာရီများကို အသုံးပြုနိုင်ခဲ့ပါက Apple Watch ထက် ဈေးသက်သာသည့် စမတ်နာရီကို ရွေးချယ်အသုံးပြုနိုင်မည် ဖြစ်သည်။

Ref: CultOfAndroid