WeChat ကို လစဉ်အသုံးပြုသူ သန်း ၅၀၀ ရှိလာ

11053665_10152790795317825_1008834915218291870_o.jpg

WeChat messaging app ကို လစဉ်သုံးစွဲသူ ဦးရေသည် သန်း ၅၀၀ ခန့်ရှိပြီ ဖြစ်ကြောင်း Tencent ကုမ္ပဏီမှ ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ ကိန်းဂဏန်းသည် ၂၀၁၄ ခုနှစ် စတုတ္ထ သုံးလပတ်၏ ကိန်းဂဏန်းများ ဖြစ်ပြီး ၎င်းသည် သုံးစွဲသူ ၄၆၈ သန်းရှိသည့် ပြီးခဲ့သည့်နှစ် တတိယသုံးလပတ်ထက် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ WeChat ကို လစဉ်သုံးစွဲသူ ဦးရေသည် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက ၃၅၅ သန်းသာ ရှိခဲ့သည်။

WeChat သုံးစွဲမှုနှုန်း မြင့်တက်မှုသည် ၂၀၁၄ ခုနှစ် ပထမ သုံးလပတ်တွင် နှေးကွေးခဲ့သော်လည်း တတိယ သုံးလပတ်နှင့် စတုတ္ထ သုံးလပတ်တွင် ပုံမှန်မြင့်တက်ခဲ့ပြီး တိုးတက်မှုနှုန်းမှာ ၆.၈ ရာခိုင်နှုန်း ရှိခဲ့သည်။

WeChat သုံးစွဲသူများ၏ တည်နေရာ အချက်အလက်များကို Tencent မှ ဖော်ပြခဲ့ခြင်း မရှိသော်လည်း သုံးစွဲသူ အများစုမှာ တရုတ်နိုင်ငံအတွင်းမှ ဖြစ်ဖွယ်ရှိကြောင်း သိရသည်။

Tencent ၏ WeChat နှင့် QQ chat app မှ စုစုပေါင်း ဝင်ငွေသည် စတုတ္ထသုံးလပတ်တွင် ယွမ် ၁၁.၉၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၉၂ ဘီလီယံ) ရှိခဲ့ပြီး ၎င်းသည် လွန်ခဲ့သည့် တစ်နှစ်ခန့်ကထက် ၄၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ပြိုင်ဘက် chat app များဖြစ်သည့် WhatsApp, Viber နှင့် Line တို့မှာ ကမ္ဘာတစ်ဝန်းတွင် တိုးတက်မှုများနှင့် တွေ့ကြုံနေရပြီး Facebook ပိုင်ဆိုင်သည့် WhatsApp မှ ယခုနှစ်အစပိုင်းတွင် လစဉ်သုံးစွဲသူဦးရေ သန်း ၇၀၀ အထိ ရှိလာခဲ့ကြောင်း သိရသည်။

Ref: TechInAsia